မော်ရင်ဟိုရဲ့ စာချုပ်သစ် သဘောတူညီချက်ကို မန်ယူအသင်း ကြေညာဖို့ နီးစပ်နေ

မော်ရင်ဟိုရဲ့ စာချုပ်သစ် သဘောတူညီချက်ကို မန်ယူအသင်း ကြေညာဖို့ နီးစပ်နေ
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက်အသင်းဟာ မော်ရင်ဟိုရဲ့ စာချုပ်သစ်တစ်ရပ်အတွက် သဘောတူညီမှု ရရှိရန် နီးစပ်နေပြီလို့ သိရပါတယ်။

၂၀၁၉ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မယ့် မော်ရင်ဟိုရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ ဆွေးနွေးရာမှာ တိုးတက် ကောင်းမွန်တယ်လို့ သိရပြီး စာချုပ်သစ်အရ တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်းဖြင့် ၂၀၂၁ ခုနှစ်အထိ ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိဖွယ်ရှိနေပါတယ်။

ဒါ့အပြင် မန်ယူအသင်းဟာ ဆန်းချက်ဇ်ကို ခေါ်ယူနိုင်ရန်အတွက် အာဆင်နယ်အသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းကို ပေးချေရန် ဆန္ဒရှိနေပြီး ပြိုင်ဘက်မန်စီးတီးအသင်းကတော့ ရာသီကုန်ချိန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဆန်ချက်ဇ်ကို ပြောင်းရွေကြေး ပေါင် ၂၀ သန်းထက် ပိုပေးလိုခြင်း မရှိတာကြောင့် မန်ယူအသင်းက အလားလာကောင်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန်ယအသင်းဟာ အာဆင်နယ်အသင်း တိုက်စစ်မှူး ဆန်းချက်ဇ်ကို ကလပ်အသင်းသို့ ရောက်ရှိလာဖို့ ကြီးမားတဲ့ ငွေကြေးပမာဏ ပေးချေဖို့အတွက် ဆန္ဒရှိနေပြီး ဒါပေမယ့် ယခုအချိန်အထိတော့ သဘောတူညီမှု မရရှိသေးပါဘူး။

မော်ရင်ဟိုဟာ ၂၀၁၆ ခုနှစ်၊ မေလက မန်ယူအသင်း နည်းပြအဖြစ် ခန့်အပ်ခံရပြီး ၎င်းရဲ့ ပထမဆုံး ကိုင်တွယ်တဲ့ ရာသီမှာ လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ကို ရရှိခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly