နိုင်ငံတော်လုံခြုံရေးယူနီဖောင်းများ ဖန်တီးဝတ်စားဆင်ယင်ပါက အရေးယူမည်

နိုင်ငံတော်လုံခြုံရေးယူနီဖောင်းများ ဖန်တီးဝတ်စားဆင်ယင်ပါက အရေးယူမည်

ရန်ကုန် ဇန်နဝါရီ ၁၆ ။         ။ နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ဖြင့်ယူနီဖောင်းများ ဖန်တီးဝတ်စားဆင် ယင်ခြင်းတွေ့ရှိပါက အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ညပိုင်းက ထုတ်ပြန်လိုက် သည်။

နိုင်ငံတော်အတွင်း ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများနှင့် အသင်းအဖွဲ့များသည် နိုင်ငံတော်လုံခြုံရေး အဖွဲ့ အစည်းများ၏ အသွင်သဏ္ဍာန်ဖြင့် ယူနီဖောင်း များဝတ်ဆင် အသုံးပြုလျက်ရှိခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ လူမှုကွန်ယက်စာမျက် နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် လက်ရှိကျင့်သုံးလျက်ရှိသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁ အရပြည်သူ့ ဝန်ထမ်း မဟုတ်သူ တစ်ဦးဦးသည် ပြည်သူ့ဝန်ထမ်းဖြစ်ကြောင်း သူတစ်ပါး မှယုံကြည်စေရန် ရည်ရွယ်၍ဖြစ်စေ၊ ယုံကြည်စေမည်ကို သိလျှက်နှင့်ဖြစ်စေ ပြည်သူ့ဝန်ထမ်းတို့ ဝတ်ဆင်၊ ကိုင်ဆောင်သည့် အဝတ် တန်ဆာ၊ အမှတ်အသားနှင့်သဏ္ဍာန်တူသော အဝတ်တန်ဆာ၊ အမှတ် အသားတို့ကို ဝတ်ဆင်လျှင် သို့မဟုတ် ကိုင်ဆောင်လျှင် သုံးလထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်နှစ်သောင်းထိငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (က)အရ မည်သူမဆို ပိတ်ပင်တားမြစ်ထားသည့်နေရာသို့ ဝင်ရောက်ခွင့်ရလိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ ဝင်ရောက်ခွင့် ရအောင်သူတစ်ပါးအားကူညီလိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊နိုင်ငံတော်လုံခြုံရေးကိုထိခိုက်လိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ ဥပဒေနှင့်အညီခွင့်ပြုချက်မရှိဘဲ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြား အရာထမ်း၊ အမှုထမ်းများနှင့် သက်ဆိုင်သည့် ဝတ်စုံကိုဖြစ်စေ၊ အဆိုပါ ဝတ်စုံနှင့် ပုံသဏ္ဍာန်တူသော ဝတ်စုံကိုဖြစ်စေ အသုံးပြုလျှင်၊ ဝတ်ဆင်လျှင် သို့မဟုတ် အဆိုပါဝတ်စုံအား အသုံးပြုခွင့်၊ ဝတ်ဆင်ခွင့်ရှိသည်ဟု မမှန် မကန်ပြောဆိုလျှင် ပုဒ်မ ၆၊ ပုဒ်မခွဲ (၃) အရ နှစ် နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ပြဌာန်းထားရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီများနှင့် အသင်းအဖွဲ့များသည် နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများဝတ်ဆင် အသုံးပြု သည့်ဝတ်စုံများ၊ အဆိုပါဝတ်စုံများနှင့် သဏ္ဍာန် တူသည့်ဝတ်စုံများကို ဖန်တီးဝတ်စားဆင်ယင်ခြင်း မပြုကြပါရန်နှင့် ထိုသို့ဝတ်ဆင်ကြောင်း တွေ့ရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly