ဘိုင်အိုဒီဇယ် ထုတ်လုပ်ရာတွင် စားအုန်းဆီမသုံးရန် အီးယူ၏ ပိတ်ပင်ချက်အား မလေးရှားကန့်ကွက်

ဘိုင်အိုဒီဇယ် ထုတ်လုပ်ရာတွင် စားအုန်းဆီမသုံးရန် အီးယူ၏ ပိတ်ပင်ချက်အား မလေးရှားကန့်ကွက်

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၆ ။         ။ ဘိုင်အိုဒီဇယ် ထုတ်လုပ်ရာတွင် စားအုန်းဆီအား အသုံးပြုမှုကို အီးယူပါလီမန်က တားမြစ်ပိတ်ပင်ခြင်းအား   ကျေးလက်နေပြည်သူများ၏   နေထိုင်မှုဘဝကို ချေဖျက်ပစ်လိမ့်မည်ဆိုကာ မလေးရှားတွင် ရာပေါင်းများစွာသော ဆီအုန်းစိုက်တောင်သူများက ဇန်နဝါရီ ၁၆ ရက်တွင် ဆန္ဒပြကြသည်။

“စားအုန်းဆီ ပိတ်ပင်ချက် ပယ်ဖျက်၊”နှင့် “စားအုန်းဆီက ကျုပ်တို့ မိသားစုအတွက် အစားအစာပေးနေတာဖြစ်၊” စသည့် စာတမ်းများ ကိုင်ဆောင်ကာ ကွာလာလမ်ပူမြို့လယ်တွင် စုရုံးဆန္ဒပြပြီး အီးယူရုံးသို့ ချီတက်ခဲ့ကြကာ သနားခံစာ တင်ပြခဲ့ကြသည်။

သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ ရှိမည်ဟု စိုးရိမ်ပူပန်လျက် ၂၀၂၁ မှစတင်ပြီး ဘိုင်အိုဒီဇယ်တွင် စားအုန်းဆီအသုံးပြုကို ပိတ်ပင်သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ဥပဒေကြမ်း ပြင်ဆင်မှုကို အီးယူပါလီမန်က မဲပေးပြီးနောက်တစ်ရက်တွင် ယခုဆန္ဒပြမှု ပေါ်ပေါက်ခြင်း ဖြစ်သည်။

အဆိုပါ မဲပေးမှုသည် အဆိုပါ ဥပဒေကြမ်း ပြဌာန်းအသက်ဝင်ရေးအတွက် အီးယူအစိုးရများကြား ဆွေးနွေးမှုကို ဦးတည်စေမည် ဖြစ်သည်။

အစားအစာနှင့် အလှကုန်များတွင် အဓိကအဖြစ် အသုံးပြုနေသော စားအုန်းဆီသည် ဆီအုန်းစိုက်ပျိုးမှုများအတွက် အကြီးအကျယ် သစ်တောခုတ်ထွင်ရှင်းလင်းရခြင်းများကြောင့် သစ်တောပြုန်းတီးမှုကို ဖြစ်စေကြောင်း သဘာဝပတ်ဝန်းကျင်သမားများက ရေရှည်အငြင်းပွားနေခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly