ပခုက္ကူရွှေချောင်းတံတားအမှတ်(၂) ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

ပခုက္ကူရွှေချောင်းတံတားအမှတ်(၂) ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
ဓာတ်ပုံ- Ko Lay

 

ရန်ကုန်၊ ဇန်နဝါရီလ ၁၆ ။                 ။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူရွှေချောင်းတံတားအမှတ်(၂) ပေါ်မှ အမျိုးသားတစ်ဦး ပြုတ် ကျသေဆုံးခဲ့ကြောင်း ပခုက္ကူမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ တံတားပေါ်မှ ပြုတ်ကျသေဆုံးမှုမှာ ယနေ့ ဇန်နဝရီလ ၁၆ ရက်၊ နံနက် ၈ နာရီခွဲခန့်အချိန်တွင်ဖြစ် ပွားခဲ့သည်ဟု ခန့်မှန်းထားပြီး နံနက် ၁ဝ နာရီ၊ ၁၅ မိနစ်ခန့်တွင်  သိရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ သူ့ဘာသာသူ ပြုတ်ကျပြီးမှ သေသွားတာပါ။ သူက အသက်ကြီးပြီးတော့ သွေးတိုးရှိတယ်လို့လည်း ဆေး စစ်တော့ သိရတာပေါ့။ သေဆုံးသူက လျှပ်စစ်ဓာတ်အားခွဲရုံအမှတ် ၁ ဝန်ထမ်းလိုင်းအနီးကပါ။ ဝန်ထမ်းမ ဟုတ်ပါဘူး။ သာမန်အရပ်သားတစ်ဦးပါ”ဟု ပခုက္ကူမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် အဆိုပါ အမှုနှင့် ပတ်သက်ပြီး ပခုက္ကူမြို့မရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“ ကျွန်တော်တို့တွေ့ရှိတာကတော့ မှောက်ရက်အနေအထားနဲ့တွေ့တာ။ တံတားရဲ့အောက်ဘက်မှာပဲ။ သွေးတိုး ရောဂါလည်းရှိတယ်ဆိုတော့ အဲ့ဒီလိုပြုတ်ကျသေဆုံးတာပဲ ဖြစ်ဖို့များပါတယ်။ ကျွန်တော်တို့ ဒီဆေးစစ်ချက် အရတော့ သွေးတိုးရှိတာ ဟုတ်တယ်ဗျ။ အလောင်းကိုတော့ လက်ရှိမှာ ပခုက္ကူမြို့နယ်ဆေးရုံကို ပို့ဆောင် ထားပါတယ်။ အခုလက်ရှိတော့ အမှုနဲ့ ပတ်သက်ပြီး သေမှုသေခင်းနဲ့ ဖွင့်ထားပါတယ်ခင်ဗျာ”ဟု ပခုက္ကူမြို့မရဲ စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူအမျိုးသားရုပ်အလောင်းအား ပခုက္ကူ ပုညမုဒိတာအသင်းနှင့် စက်မှုဇုန်သုခသစ္စာနာ ရေး ကူညီမှု့အသင်းတို့မှ ပခုက္ကူမြို့နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required