နျူကလီးယားစက်ခလုတ်ကိစ္စ ထရမ့်၏ လှောင်ပြောင်ပြောဆိုမှု မိမိတို့ ခွေးဟောင်ခံရလိုက်ရသလိုသာ သဘောထားကြောင်း မြောက်ကိုရီးယား တုန့်ပြန်

နျူကလီးယားစက်ခလုတ်ကိစ္စ ထရမ့်၏ လှောင်ပြောင်ပြောဆိုမှု မိမိတို့ ခွေးဟောင်ခံရလိုက်ရသလိုသာ သဘောထားကြောင်း မြောက်ကိုရီးယား တုန့်ပြန်

ဇန်နဝါရီ ၁၆ ။               ။ အမေရိကန်သမ္မတ စားပွဲပေါ်မှာ ရှိတဲ့ နျူကလီးယားစက်ခလုတ်က ပြုံးယမ်းခေါင်းဆောင်မှာ ရှိတယ်ဆိုတဲ့ ခလုတ်ထက် ပိုကြီးပြီး ပိုအစွမ်းထက်တယ်ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်ဘက်က ပြောဆိုထားမှုနဲ့ပတ်သက်လို့ ယနေ့ ဇန်နဝါရီ ၁၆ ရက်မှာပဲ မြောက်ကိုရီးယားတပြန်လည် တုန့်ပြန်တိုက်ခိုက်ပြောကြားလာခဲ့ပြန်တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ထရမ့်ရဲ့ အဆိုပါ လေလုံးထွားမှုဟာ အရူးချီးပန်း လျှောက်ပြောနေခြင်းသာဖြစ်ပြီး ခွေးရူးဟောင်သလိုအတိုင်းသာ ဖြစ်ကြောင်း မြောက်ကိုရီးယားတို့ဘက်က ပြစ်တင်သွားပါတယ်။

ပြီးခဲ့တဲ့ နှစ်သစ်ကူး မိန့်ခွန်းပြောကြားခဲ့ရာမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ့စားပွဲမှာ နျူကလီးယားစက်ခလုတ်တစ်ခုရှိကြောင်း အရင် ထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။

ယင်းပြောကြားချက်ကို ပြန်လည် တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်သမ္မတ ထရမ့်ကလည်း တွစ်တာကနေတဆင့် " အဲဒီ အစာရေစာ ငတ်ပြတ်နေတဲ့ အစိုးရကို ပြောပြကြစမ်းပါဗျာ၊ ကျူပ်ဆီမှာလည်း သူပြောတဲ့ နျူကလီးယား ခလုတ်ရှိပါတယ်လို့၊ ဒါပေမယ့် ကျူပ်ဆီက ခလုတ်ကတော့ သူ့ခလုတ်ထက်တော့ ပိုကြီးပြီး အစွမ်းလည်း ပိုထက်တယ်ဆိုတာလေးပါ  ထည့်ပြောပေးစမ်းပါဗျာ" ဆိုပြီး လှောင်ပြောင်တိုက်ခိုက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယခုအခါ ထရမ့်ရဲ့ အဆိုပါလှောင်ပြောင်စကားကို ပြုံယမ်းဘက်က ပြန်လည် တုန့်ပြန်တဲ့အနေနဲ့ ယင်းပြောစကားတွေဟာ ဘာမှ အရေးမပါလှဘဲ ထရမ့်အနေနဲ့ မြောက်ကိုရီးယားကို ကြောက်ပြီး အရူးချီးပန်း လျှောက်ပြောနေခြင်းတာဖြစ်ကြောင်း တုန့်ပြန်လာခဲ့တာဖြစ်ပါတယ်။ ထရမ့်ရဲ့ အဆိုပါလှောင်ပြောင်စကားဟာ ခွေးရူးဟောင်နေသလိုအတိုင်းသာ ဖြစ်နေတယ်လို့လည်း ယင်းက တစ်ဆက်တည်းမှာပဲ တုန့်ပြန်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required