ဘာစီလိုနာအသင်းရဲ့ ပေါင် ၉၆.၈ သန်းတန် တိုက်စစ်မှူး ဒမ်ဘီလီ ဒုတိယအကြိမ် ဒဏ်ရာရရှိ

ဘာစီလိုနာအသင်းရဲ့ ပေါင် ၉၆.၈ သန်းတန် တိုက်စစ်မှူး ဒမ်ဘီလီ ဒုတိယအကြိမ် ဒဏ်ရာရရှိ
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းရဲ့ ပေါင် ၉၆.၈ သန်းတန် ပြင်သစ်တိုက်စစ်မှူး အူစမာနီ ဒမ်ဘီလီဟာ တံကောက်ကြော ဒဏ်ရာရှိခဲ့တာကြောင့် သုံးပတ်မှ လေးပတ်အထိ အနားယူရမှာဖြစ်တယ်လို့ ကာတာလန်ကလပ်က တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကို ရောက်ရှိခဲ့ပြီးနောက်ပိုင်း ဒါဟာ ဒမ်ဘီလီရဲ့ ဘယ်ဘက်ခြေထောက်မှာ ဒုတိယအကြိမ် ဒဏ်ရရှိခဲ့တာဖြစ်ပါတယ်။ ပထမတစ်ကြိမ် ဒဏ်ရာကိုတော့ ပြီးခဲ့တဲ့နှစ်က ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပါတယ်။

“ဒမ်ဘီလီဟာ သူ့ရဲ့ ဘယ်ဘက်ပေါင်ခြံမှာ ပြဿနာတစ်ခု ရှိနေခဲ့ပြီး ဒီရာသီအစောပိုင်းက ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ တံကောက်ကြော ကြွက်သားဆုတ်ပြဲဒဏ်ရာ နေရာကိုတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ အတည်ပြုပါတယ်။”လို့ ကလပ်အသင်းက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက် တတိယဈေးကြီးဆုံးကစားသမားဟာ တနင်္ဂနွေနေ့က ဆိုစီဒက်ကို ၄-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ 

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags