ဆန်းချက်ဇ်ကို ခေါ်ယူမှာ မဟုတ်တော့ဘူးလို့ မန်စီးတီးအသင်း ဆုံးဖြတ်

ဆန်းချက်ဇ်ကို ခေါ်ယူမှာ မဟုတ်တော့ဘူးလို့ မန်စီးတီးအသင်း ဆုံးဖြတ်
(ဓာတ်ပုံ - အီးပီအေ)

အာဆင်နယ်အသင်း တိုက်စစ်မှူး အလက်စစ် ဆန်းချက်ဇ်ကို ခေါ်ယူမှာ မဟုတ်တော့ဘူးလို့ မန်ချက်စတာစီးတီးက ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

ကလပ်အသင်းဟာ အသက် ၂၉ နှစ် ကစားသမားရဲ့ ပြောင်းရွှေ့ကြေး ကုန်ကျစရိတ်နှင့် လုပ်ခလစာမှာ ဈေးကြီးပြီး မြင့်မားနေတယ်လို့ ယူဆတဲ့အတွက် အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

ဒါကို နည်းပြ ဂွာဒီယိုလာ၊ ကလပ်ပိုင်ရှင် အယ်လမူဘာရက်နှင့် စီနီယာလူကြီးများက သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ဆန်းချက်ဇ်ကို ခေါ်ယူနိုင်ရန်အတွက် အာဆင်နယ်အသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းကို ပေးချေရန် ဆန္ဒရှိနေပြီး ပြိုင်ဘက်မန်စီးတီးအသင်းကတော့ ရာသီကုန်ချိန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဆန်ချက်ဇ်ကို ပြောင်းရွေကြေး ပေါင် ၂၀ သန်းထက် ပိုပေးလိုခြင်း မရှိတာကြောင့် မန်ယူအသင်းက အလားလာကောင်းနေတယ်လို့ သိရပါတယ်။

သတင်းများအရ ချယ်လ်ဆီးအသင်းကလည်း အဆိုပါချီလီကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပြန်ပါတယ်။

ဆန်းချက်ဇ်မှာ ဘုန်းမောက်နှင့် ပွဲမှာ အာဆင်နယ်အသင်း လူစာရင်းမှ ချန်လှပ်ခဲ့ရတာကြောင့် အသင်းပြောင်းရွှေ့ဖို့ အလားအလာများနေပြီး နည်းပြ အာစင်ဝါးကလည်း ကစားသမားရဲ့ အပြောင်းအရွှေ့ကိစ္စကို ၄၈ နာရီအတွင်းမှာ ဆုံးဖြတ်ချက် ချသွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required