ပီရူးနိုင်ငံမှာ ရ.၁ အဆင့်ရှိ ငလျင်လှုပ်၊ လူ ၂ ဦး သေဆုံး

ပီရူးနိုင်ငံမှာ ရ.၁ အဆင့်ရှိ ငလျင်လှုပ်၊ လူ ၂ ဦး သေဆုံး
(ဓာတ်ပုံ - အီးပီအေ)

တနင်္ဂနွေနေ့အစောပိုင်းက ပီရူးနိုင်ငံရဲ့ တောင်ပိုင်း ကမ်းရိုးတန်းမှာ ၇.၁ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ နှစ်ဦး သေဆုံးခဲ့ပြီး ၆၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။

သေဆုံးသူ နှစ်ဦးမှာ တောင်ပိုင်းခရိုင်တွေဖြစ်တဲ့ Chala နှင့် Bella Union တို့မှဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ Caraveli ခရိုင်နှင့် Nazca ခရိုင်တို့မှဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်ဘူမိဗေဒ (USGS) အရ ငလျင်ဟာ ၃၆.၃ ကီလိုမီတာ (၂၂.၆ မိုင်) အနက်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ဆူနာမီသတိပေးချက်တော့ အခုချိန်ထိ မရှိသေးပါဘူး။ အဆိုပါငလျင်ကို အစောပိုင်းက ၇.၃ အဆင့်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ငလျင်လှုပ်ခတ်တာကို ပီရူးမြို့တော် လီမာနှင့် နိုင်ငံအနှံ့ရှိ အခြား မြို့အများအပြားမှာလည်း ခံစားခဲ့ရတယ်လို့ သိရပါတယ်။

Chala မြို့မှာ အိမ်အလုံး ၃၀ ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူများဟာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required