မန်စီးတီးကိုငြင်းပြီး မန်ယူကိုရွေးပါက တစ်ပတ်လစာငွေ ပေါင် ၆ သောင်း ဆန်းချက်ဇ် ပိုရမည်

မန်စီးတီးကိုငြင်းပြီး မန်ယူကိုရွေးပါက တစ်ပတ်လစာငွေ ပေါင် ၆ သောင်း ဆန်းချက်ဇ် ပိုရမည်

ဇန်နဝါရီ ၁၄၊ အင်္ဂလန် ။             ။ အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်သည် မန်စီးတီးအသင်းကိုငြင်းပယ်ပြီး မန်ယူကို ရွေးချယ်ခဲ့ပါက တစ်ပတ်လစာငွေ ပေါင် ၆ သောင်း ပိုရနိုင်မည်ဖြစ်သည်။

မန်စီးတီးအသင်းသည် ဆန်းချက်ဇ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀ ဖြင့် ကမ်းလှမ်းထားပြီး တစ်ပတ်လစာငွေ ၂၉၀,၀၀၀ ပေးချေမည် ဖြစ်သည်။

မန်ယူအသင်းက မန်စီးတီးအသင်းအား နောက်ကောက်ချ၍ ဆန်းချက်ဇ်ကို ခေါ်ယူရန်ကြိုးပမ်းနေပြီး တစ်ပတ်လစာငွေ ပေါင် ၃၅၀,၀၀၀ ပေးချေရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ မန်ယူအသင်းသည် ပြောင်းရွှေ့ကြေးကို မန်စီးတီးထက်ပိုပေးဦးမည်ဖြစ်သည့်အပြင် ဆန်းချက်ဇ်၏အေးဂျင့်အတွက် ပေါင် ၅ သန်းလည်း ပေးချေဦးမည် ဖြစ်သည်။

ဆန်းချက်ဇ်၏ လက်ရှိစာချုပ်မှာ ယခုနှစ်အကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် အာဆင်နယ်အသင်းကလည်း ပြောင်းရွှေ့ကြေးရရန် လက်လွှတ်ဖွယ်ရှိနေသည်။

“နွေရာသီမှာ အသင်းကိုတည်ဆောက်တာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ဆန်းချက်ဇ်ကိုခေါ်ယူနိုင်ဖို့က တကယ့်အခွင့်အရေးကောင်းပါ။ ကျွန်တော်တို့ဘက်က လုံးဝအလျှော့ပေးမှာ မဟုတ်ပါဘူး” ဟု မန်ယူနည်းပြ မော်ရင်ဟိုက ဆိုထားသည်။

ရည်ညွှန်း The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly