လိုင်းကားပေါ်တွင် ရေနံစိမ်း(၉)ဘူး ၊ဂါလံခွက်တစ်ခွက်တွေ့ရသဖြင့် ဖမ်းဆီးအရေးယူ

လိုင်းကားပေါ်တွင် ရေနံစိမ်း(၉)ဘူး ၊ဂါလံခွက်တစ်ခွက်တွေ့ရသဖြင့် ဖမ်းဆီးအရေးယူ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် တောင်တွင်းကြီးမြို့တွင် ဇန်နဝါရီလ ၁၃ရက်နေ့က လိုင်းကားတစ်စီး၏ နောက်ဖုံးအတွင်းမှ ရေနံစိမ်း(၉)ဘူးနှင့် ဂါလံခွက်တစ်ခွက်အား တွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း တောင်တွင်းကြီးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ တရားမဝင်ရေနံစိမ်းများသယ်ဆောင်လာကြောင်း သတင်းရရှိသဖြင့် မင်းလှမြို့မှ ထွက်ခွာလာသော တောင်တွင်းကြီးမြို့ ရွှေကြာအင်း(၂)ရပ်ကွက်၊ ရေခဲစက်လမ်းကြားတွင် ရပ်ထားသည်‌့ သျှမ်းသျှမ်းတောက် မှန်လုံလိုင်းယာဉ်အား တောင်တွင်းကြီးမြို့မြို့မစခန်းမှ ဒုရဲအုပ်သက်နိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ သျှမ်းသျှမ်းတောက် ယာဉ်လိုင်းအမည်ရှိ 6N-4165 YUTONG MINI BUS မှန်လုံလိုင်းယာဉ်၏နောက်ဖုံးအတွင်းမှ (၅)ဂါလံဆံ့ ရေနံစိမ်း ၉ ဘူးနှင့် ချိန်တွယ်ရာတွင် အသုံးပြုသည့် ဂါလံခွက် တစ်ခွက်အား တွေ့ရှိရသဖြင့် ယာဉ်နှင့်အတူ သိမ်းဆည်းခဲ့သည်ဟု သိရသည်။

သိမ်းဆည်းရမိခဲ့သည့် ရေနံစိမ်း ၉ ဘူး၌ ပါဝင်သည့်ရေနံနှင့်ရေနံစိမ်း ၃၆ ဂါလံ၏ တန်ဖိုးမှာ ၆၁၂၀၀ ကျပ် ရှိသည်ဟုသိရသည်။

ရှာဖွေစစ်ဆေးရာတွင် ယာဉ်ပေါ်၌ တွေ့ရှိရသူ မင်းလှမြို့ပန်းတော်ပြင်ကျေးရွာနေ ဒေါ်ခင်ဝင်းကြိုင်(၃၉)နှင့် မင်းလှမြို့ ညောင်ပင်သာကျေးရွာနေ ယာဉ်မောင်း အောင်ဗိုလ်ဗိုလ်(၂၃) နှစ်တို့အား   တောင်တွင်းကြီး မြို့မရဲစခန်းမှ(ပ)၁၁/၂၀၁၈၊ ရေနံနှင့်ရေနံထွက်ဆိုင်ရာ ဥပဒေပုဒ်မ၃၇ ဖြင့် အမှူရေးဖွင့်လျှက် ဒုရဲအုပ်ကျော်ဇင်ဝင်းက စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly