ရန်ကုန်အများပိုင်ဘတ်စ်ကားစနစ်၏ တစ်နှစ်တာဖြတ်သန်းမှုမှတ်တိုင်များ
-ဇန်နဝါရီ(၁၅)ရက်
YBPC ကုမ္ပဏီပိုင် BRT Lite အားဖြတ်သိမ်းပြီး ယာဉ်လိုင်း(၃၇)အနေဖြင့် စတင်ပြောင်းလဲခဲ့သည်။
-ဇန်နဝါရီ(၁၆)ရက်
ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်း သိမ်းရေးကြီးကြပ်မှုကော်မတီ(မထသ)ကို ဖျက်သိမ်းပြီး ယာဉ်လိုင်းပေါင်း(၇၀)ဖြင့် (YBS-Yangon Bus Service) အများပိုင်ယာဉ်လိုင်းစနစ် သစ်ကို စတင်ပြေးဆွဲခဲ့သည်။ ၎င်းနောက် အခက်အခဲရှိသည်များကို အခမဲ့ယာဉ်များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးခဲ့သည်။ ကားအစီးရေနည်းပါးရခြင်းမှ စတေကာကပ်နေ၍ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ပြောကြားခဲ့သည်။
-ဇန်နဝါရီ(၁၈)ရက်
ယာဉ်လိုင်းနံပါတ်(၆)မှ ယာဉ်နောက်လိုက်(၂) ဦးသည် စော်ဘွားကြီးကုန်းမှတ်တိုင်တွင် ခရီးသည်အမျိုးသမီးကို လက်သီးဖြင့် ထိုးသည့် အမှု ဖြစ်ပွားခဲ့သည်။
-ဇန်နဝါရီ(၁၇)ရက်
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် သခင်မြပန်းခြံမှ ဗိုလ်ချုပ်လမ်းအတိုင်း YBS -၅၆ယာဉ်ကို လိုက်ပါစီးနင်းခဲ့သည်။ YBSစနစ်တွင် ယာဉ်လိုင်းနံပါတ်(၁၃)မပါရှိခြင်းမှာ ကားလောကတွင် (၁၃)နံပါတ်အား မကြိုက်၍ဖြစ်သည်ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ပြောကြားခဲ့သည်။
-ဖေဖော်ဝါရီ(၂)ရက်
မြို့တွင်းမြို့ပြင်ပြေးဆွဲပေးနေသည့် ဘတ်စ်ကားများ ည(၉)နာရီအထိမပြေးဆွဲပေးပါက တာဝန်ယူထားသည့်ကုမ္ပဏီပါ ဖြတ်သိမ်းမည်ဟု YRTAမှ ကြေငြာထားသည်။
-ဖေဖော်ဝါရီ(၁၉)ရက်
YBSစနစ်ရှိယာဉ်လိုင်းများအားလုံံး (၃)လအတွင်း ဘတ်စ်ကားအသစ်များဝယ်ယူပြေးဆွဲရမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောကြားခဲ့သည်။
-မတ်(၄)ရက်
YBSစနစ်တွင် ပထမဆုံးအမျိုးသမီးယာဉ်မောင်းတစ်ဦးကို Power Elevenကုမ္ပဏီပိုင် ယာဉ်လိုင်း(၂၁)တွင် စတင်ခန့်အပ်ခဲ့သည်။
-မတ်(၂၃)ရက်
အဲကွန်းတပ်ဆင်ထားခြင်းမရှိသည့်ဘတ်စ်ကားများကို (၂၀၀)ကျပ်ကောက်ခံခွင့်မပြုဘဲ ခရီးစဉ်အပိုင်းလိုက်သာ ကောက်ခံခွင့်ပြုမည်ဟု YRTAမှ ပြောဆိုခဲ့သည်။
-ဧပြီ(၁၀)ရက်
Power Elevenကုမ္ပဏီပိုင် (၂၁)ယာဉ်လိုင်းတွင် သီးသန့်ယာဉ်များပြေးဆွဲခဲ့ပြီး ယာဉ်စီးခအား ဝန်ဆောင်မှုပေါ်မူတည်၍ ပေးဆောင်နိုင်မည်ဖြစ်သည်။
-ဧပြီ(၂၇)ရက်
Power Elevenကုမ္ပဏီပိုင် (၂၁)ဘတ်စ်ကားနှင့် ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီပိုင် (၂၁)ဘတ်စ်ကားတို့ ပြိုင်မောင်းနှင်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ တုတ်ကိုင်ရိုက်နှက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်မှ ယာဉ်မောင်းနှင့်ယာဉ်လုပ်သားများအား ရာသက်ပန်ထုတ်ပယ်ခဲ့သည်။
-မေ(၁၂)ရက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝယ်ယူထားသည့် တရုတ်နိုင်ငံထုတ်ဘတ်စ်ကားအစီးရေ(၁၀၀၀) ရန်ကုန်မြို့ ၊ပြည်သူ့ရင်ပြင်ဝန်းအတွင်းသို့ ရောက်ရှိခဲ့သည်။
-မေ(၂၅)ရက်
မြို့တွင်းပတ်ယာဉ်လိုင်း(၅၆) (၅၇) (၅၈)များတွင် ပြေးဆွဲနေသည့် မီနီဘတ်စ်များကို ဘတ်စ်ကားအသစ်များဖြင့်အစားထိုးပြေးဆွဲစေမည်ဟု YRTAမှ ပြောကြားခဲ့သည်။ OmniFocusကုမ္ပဏီမှ ဘတ်စ်ကားအသစ်များဖြင့် ယာဉ်လိုင်း(၅၆)နှင့် (၂၀)တွင် စတင်ပြေးဆွဲခဲ့သည်။ ယာဉ်လိုင်း(၂၀)တွင် ယာဉ်စီးခ(၃၀၀)ကျပ်ကောက်ခံခဲ့ပြီး နောက်ပိုင်တွင် မြို့တွင်းနှင့် မြို့ပြင် အပိုင်းလိုက်ပြောင်းလဲကောက်ခံခဲ့သည်။
-ဇွန်(၄)ရက်
ရန်ကုန်မြို့တွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အချို့ရေကြီးခဲ့ပြီး တာမွေအိုးရှင်းစင်တာရှေ့ရေကြီးနေချိန် YBSယာဉ်လိုင်းများမှ ဘတ်စ်ကားများ ဖြတ်သန်းမသွားနိုင်၍ ရပ်နားခဲ့ရသည်။ အဆိုပါနေရာအား Omni Focus ကုမ္ပဏီပိုင် YBS(၂၀)မှ ဖြတ်သန်းမောင်းနှင်ခဲ့မှုကြောင့် ရပ်ကွက်နေသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
-ဇွန်(၈)ရက်
YBPCကုမ္ပဏီပိုင် (၃၇)ယာဉ်လိုင်းရှိကားအချိုတွင် Wifiအခမဲ့သုံးဆွဲနိုင်သည့်စနစ် စတင်တပ်ဆင်ခဲ့သည်။
ဇူလိုင်(၇)ရက်
YBPCကုမ္ပဏီပိုင် (၃၇)ယာဉ်လိုင်း နှင့် တိုက်ကြီးသားအများပိုင်ယာဉ်လိုင်းပိုင် (၅၅)ယာဉ်လိုင်းတို့မှ ဘတ်စ်ကား၂စီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မွေးမြူရေးမှတ်တိုင်အနီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ယာဉ်မောင်းနှင့်ခရီသည်အပါအဝင် လူ(၁၁)ဦးသေဆုံးခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် (၅၅)ယာဉ်လိုင်းပိတ်သိမ်းခံခဲ့ရပြီး (၃၇)ယာဉ်လမ်းကြောင်း တိုက်ကြီးမြို့နယ်အထိ တိုးချဲ့ပြေးဆွဲခဲ့သည်။
-ဇူလိုင်(၁၃)ရက်
ရုံးတက်ရုံးဆင်းချိန်များတွင် ခရီးသွားပြည်သူများအတွက် ငွေအကြွေများကို YUPTကုမ္ပဏီမှ စတင်လဲလှယ်ပေးမှုပြုလုပ်ခဲ့သည်။
-ဇူလိုင်(၂၀)ရက်
YBSစနစ်ရှိ ယာဉ်လိုင်းများအားလုံးမှ ဘတ်စ်ကားများတွင် ယာဉ်နောက်လိုက်မထားရှိစေဘဲ ပိုက်ဆံပုံး(Cash Box)အစားထိုးထားရကာ အများပိုင်စနစ်အားကျင့်သုံးရန် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ ညွှန်ကြားချက်ထုတ်ပြန်ထားသည်။
ယာဉ်နောက်လိုက်များအလုပ်အကိုင်ပြန်လည်ရရှိရေးအတွက် ရွှေပြည်သာမြို့နယ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ပုံးစနစ်မပါရှိသည့်ကားများ၊ ယာဉ်နောက်လိုက်ပါသည့်ကားများမှာ ဆက်လက်ရှိနေသည်။ ထို့အပြင် (၁၉၉၅)ခုနှစ်မော်ဒယ်အောက် ဘတ်စ်ကားများမအပ်နှံပါက လုပ်ငန်းလိုင်စင်ဖျက်သိမ်းမည်ဟု ဆိုခဲ့သည်။
-ဇူလိုင်(၂၅)ရက်
YUPTကုမ္ပဏီပိုင် ယာဉ်လိုင်း(၇)လိုင်းတွင် ဘတ်စ်ကားအသစ်(၅၀၀)လက်ခံရရှိပြီး ကားအသစ်များဖြင့်ပြေးဆွဲသွားမည်ဟု YUPTကုမ္ပဏီမှ ပြောကြားခဲ့သည်။
-သြဂုတ်(၉)ရက်
ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်ရန်အတွက် တင်ဒါစာရွှွက်များ စတင်လက်ခံခဲ့သည်။
-သြဂုတ်(၂၁)ရက်
OmniFocusကုမ္ပဏီပိုင် YBS(၂၀)ပေါ်တွင် လူ(၂)ဦးမှ တုတ်ကိုင်ကာ ငွေတောင်းခံမှုဖြစ်ပွားခဲ့သည်။
-စက်တင်ဘာ(၁၈)ရက်
ယာဉ်အားလုံးအတွက် အလုံးစုံအာမခံထားရန်နောက်ဆုံးအချိန်သတ်မှတ်ပေးထားသည့်လဖြစ်ပြီး အာမခံမထားသည့်ယာဉ်များကို အရေးယူသွားမည်ဟု YRTAမှဆိုသည်။
-စက်တင်ဘာ(၂၆)ရက်
လစာ(၂)သိန်းပေးကာ အမျိုးသမီးများကို ယာဉ်မောင်းသင်တန်းသင်ကြားပေးရန် Power Elevenကုမ္ပဏီမှ စတင်စီစဉ်ခဲ့သည်။
-အောက်တိုဘာ(၁၀)ရက်
အများပိုင်ကုမ္ပဏီဖွဲ့စည်းလိုသူများကို ဆက်လက်ခွင့်ပြုသွားမည်ဟု YRTAမှထုတ်ပြန်ခဲ့သည်။
-အောက်တိုဘာ(၈)ရက်
၁၉၉၅ မော်ဒယ် အောက်ဘတ်စ်ကားများကို ပြေးဆွဲခွင့်ရပ်ဆိုင်းပြီးနောက် ၁၉၉၆ မှ ၁၉၉၈ အထိ မော်ဒယ်ဘတ်စ်ကားများကို ဒုတိယအကြိမ် အပ်နှံစေခဲ့သည်။
-အောက်တိုဘာ(၁၅)ရက်
ဘတ်စ်ကားအားလုံးကို အောက်တိုဘာ(၁၅)ရက်နောက်ဆုံးထား GPSတပ်ဆင်ခိုင်းထားသည်။ မတပ်ဆင်သည့်ဘတ်စ်ကားများကို ပြေးဆွဲခွင့်ရပ်ဆိုင်းမည်ဖြစ်သည်။
-အောက်တိုဘာ(၂၁)ရက်
YBSစတင်သည့် ဇန်နဝါရီ(၁၆)ရက်နေ့၌ လမ်းညွှန်ဆိုင်းဘုတ်ဖျက်ဆီးခဲ့သူတစ်ဦးကို ထောင်ဒဏ်(၃)နှစ်ချမှတ်ခဲ့သည်။
-အောက်တိုဘာ(၂၉)ရက်
YBS(၃၁)ဘတ်စ်ကားနှင့် ကျောင်းကားတစ်စီး သာကေတမြို့နယ်တွင်တိုက်မိ ကျောင်းသားကျောင်းသူ (၃)ဦးဒဏ်ရာရရှိခဲ့သည်။
-နိုဝင်ဘာ(၁၀)ရက်
ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီဖြတ်သိမ်းခံရပြီးနောက် ၎င်းကုမ္ပဏီပိုင်ယာဉ်လိုင်း(၅)လိုင်းအား အခြားကုမ္ပဏီ(၃)ခုသို့လွှဲပြောင်းပေးခဲ့သည်။ ၎င်းကုမ္ပဏီများထဲတွင် ရွှေရန်ကုန်မြို့တော်သယ်ယူပို့ဆောင်ရေး (GYCT)ကုမ္ပဏီအသစ်ပါ ပါဝင်လာသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့တွင် ယာဉ်လိုင်း(၃၅) ဘတ်စ်ကားမှစတင်ကာ ယာဉ်(၁၁)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး သိန်း(၄၀၀)ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။
-နိုဝင်ဘာ(၁၃)ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ YBSဘတ်စ်ကားများအတွက် လောင်စာအဖြစ်အသုံးပြုနေသည့် တစ်နေကုန်ဖွင့်လှစ်သည့် CNG ဂတ်စ်ဆိုင်(၄၁)ဆိုင်မှ (၂၇)ဆိုင်အား အချိန်အပိုင်းခြားဖြင့်ရောင်းချရန် ပြောင်းလဲသက်မှတ်ခဲ့သည်။ ၎င်းနောက်တွင်မှု ဘတ်စ်ကားကုမ္ပဏီများ၊ ယာဉ်မောင်းများအခက်အခဲရှိနေ၍ ဆိုင်အချို့အား (၂၄)နာရီရောင်းချနိုင်ရန် ပြန်လည်ဇွင့်လှစ်ပေးခဲ့သည်။
-နိုဝင်ဘာ(၁၆)ရက်
ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီပိုင် YBS(၁၄)ယာဉ်လိုင်းတစ်ခုလုံးအား ဘတ်စ်ကားအသစ်များဖြင့်လဲလှယ်ခဲ့ပြီး ဂိတ်နေရာပြောင်းလဲပြေးဆွဲခဲ့သည်။
-နိုဝင်ဘာ(၂၅)ရက်
ယာဉ်လိုင်း(၂၂)ရှိ ဘတ်စ်ကားတစ်စီးပေါ်မှပိုက်ဆံပုံးအား အသိမပေးဘဲဖြုတ်ယူခဲ့မှုကြောင့် Power Eleven ကုမ္ပဏီမှ ပိုင်ရှင်နှင့် လူ(၅)ဦးကို ရဲစခန်းတွင်အမှုဖွင့်ထားခဲ့သည်။
-နိုဝင်ဘာ(၃၀)ရက်
စည်းကမ်းမဲ့လူအတင်ချပြုလုပ်သည့်ဘတ်စ်ကားများကို ပြစ်ဒဏ်တိုးမြှင့်ပြီးအရေးယူမည်ဖြစ်ကြောင်း ဒေါ်နီလာကျော်မှပြောကြားခဲ့သည်။
-ဒီဇင်ဘာ(၅)ရက်
YRTA၏ အစည်းအဝေးဆုံးဖြတ်ချက်များကို မီဒီယာသို့ဖြေဆိုသည့်ကုမ္ပဏီအား အရေးယူမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ YBS(၆၅)လိုင်းမှယာဉ်မောင်းတစ်ဦး အရက်မူးလွန်နေ၍ လမ်းလယ်၌ ဘတ်စ်ကားရပ်တန့်ခဲ့ရသည်။
-ဒီဇင်ဘာ(၁၁)ရက်
စီးပွားရေးလုပ်ငန်းရှင်များပါဝင်ပြီး Power Eleven ကုမ္ပဏီနှင့်ပူးပေါင်းကာ လူထုမိတ်ဆွေကုမ္ပဏီအဖြစ် ဘတ်စ်ကား၅၀၀ဖြင့်ပြေးဆွဲမည်ဟု Power Elevenမှပြောကြားသည်။
-ဒီဇင်ဘာ(၁၆)ရက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်ဘီလျံ၇၀ဖိုးကားများကို ကုမ္ပဏီနှစ်ခုတွင်ရင်းနှီးမြုပ်နှံထားကြောင်း လွှတ်တော်၌ဖြေကြားခဲ့သည်။ ကတ်စနစ်ငွေပေးချေမှုအတွက် ပထမအဆင့်တင်ဒါအောင်မြင်သည့်ကုမ္ပဏီများကို လူတွေ့စစ်ဆေးခဲ့သည်။
-ဇန်နဝါရီ(၃)ရက်
YRTA ၏ယာဉ်မောင်းသင်တန်းမှ အမျိုးသမီးယာဉ်မောင်းတစ်ဦးကို YBPCကုမ္ပဏီတွင် စတင်ခန့်အပ်ခဲ့သည်။
-ဇန်နဝါရီ(၈)ရက်
YBS၁၂တွင် ဘတ်စ်ကားအသစ်များထည့်သွင်းပြီး လိုင်းအသစ်များထပ်မံလျောက်ထားကြောင်း ဗန္ဓုလကုမ္ပဏီမှဖြေကြားခဲ့သည်။