အိန္ဒိယတွင် ကျောင်းသားကျောင်းသူများ တင်ဆောင်သည့် ရေယာဉ် ပင်လယ်အတွင်း နစ်မြုပ်မှု ဖြစ်ပွား

အိန္ဒိယတွင် ကျောင်းသားကျောင်းသူများ တင်ဆောင်သည့် ရေယာဉ် ပင်လယ်အတွင်း နစ်မြုပ်မှု ဖြစ်ပွား

 

နယူးဒေလီ၊ ဇန်နဝါရီ ၁၃ ။                   ။ အိန္ဒိယနိုင်ငံ အနောက်ဖက်ကမ်းခြေ အာရေဘီးယန်းပင်လယ်တွင် ကျောင်းသားကျောင်းသူများ တင်ဆောင်သော ဖယ်ရီရေယာဉ် နစ်မြုပ်ရာ ကျောင်းသားနှစ်ဦး   သေဆုံးပြီး ခြောက်ဦး ပျောက်ဆုံးနေကြောင်း ရဲဌာနက ပြောသည်။

ဇန်နဝါရီ ၁၃ ရက်က မဟာရာရှထရာပြည်နယ်တွင် ဖြစ်ပွားသော အဆိုပါ ရေယာဉ်တိမ်းမှောက်မှုတွင် ကျောင်းနေအရွယ် ကလေးငယ် ၃၂ ဦးကို ကယ်ဆယ်လိုက်ရကြောင်း ရဲတပ်ဖွဲ့ကို ကိုးကားလျက် Press Trust of India သတင်းဌာနက ဖော်ပြသည်။

လေယာဉ်တစ်စီး၊ ရဟတ်ယာဉ်များနှင့် သင်္ဘောအချို့နှင့် ပင်လယ်အတွင်း ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။

ရေယာဉ်သင်္ဘောအများစု တည်ဆောက်မှု ညံ့ဖျင်းနှင့် လူပြည့်သိပ်တင်ခြင်းများအပြင် အသက်ကယ်အကျီၤ ဝတ်ဆင်စေခြင်းကဲ့သို့သော လုံခြုံရေးစည်းမျဉ်းစည်းကမ်းများ လျော့လျော့ရဲရဲ ရှိနေရာ အိန္ဒိယနိုင်ငံအတွင်း ယခုကဲ့သို့သော မတော်တဆမှုများက ဖြစ်ပွားလေ့ရှိသည်။

အစွန်အဖျားဒေသနယ်မြေများတွင် အဓိက သွားလာရေးအဖြစ် စက်လှေသင်္ဘောများကို အားထားနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly