ပုသိမ်တွင် ပြုလုပ်မည့် ၂၁ရာစုပင်လုံညီလာခံ အကြိုလူထုတွေ့ဆုံပွဲ တားမြစ်ခံရ

ပုသိမ်တွင် ပြုလုပ်မည့် ၂၁ရာစုပင်လုံညီလာခံ အကြိုလူထုတွေ့ဆုံပွဲ တားမြစ်ခံရ

 

ပုသိမ်၊ ဇန်နဝါရီ ၁၃ ။                ။ ဇန်နဝါရီလ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ၂၁ရာစုပင်လုံညီလာခံ အကြိုလူထုတွေ့ဆုံပွဲ အား ကြိုတင် စာမတင်ထားသဖြင့် သက်ဆိုင်ရာက တားမြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

"၂၁ရာစုပင်လုံ တတိယအစည်းအဝေး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် မူဝါဒစာတမ်းတွေ တင်ပြနိုင် ဖို့ အတွက် အကြိုလူထုဆွေးနွေးပွဲ လုပ်တာပါ၊ ဆွေးနွေးတွေကို ABSDF အဖွဲ့က တိုင်းကြီးခုနှစ်တိုင်း ၇ နေရာမှာ လုပ်ဖို့စီစဉ်တာပါ။ ဒီနေ့ ပုသိမ်မှာ ကျင်းပဖို့အတွက် မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံလို့ ဒီနေ့ပွဲကို မလုပ်ဖြစ်ဘူး” ဟု ABSDF အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက ပြောသည်။

ပြည်ထောင်ငြိမ်းချမ်းရေးညီလာခံအတွက် အကြိုလူထုဆွေးနွေးပွဲကျင်းပသည့်ပွဲအား မလုပ်ရန် သက်ဆိုင်ရာက မေတ္တာရပ်ခံ၍ မလုပ်ဖြစ်ကြောင်း၊ဇန်နဝါရီလ၁၂ရက်နေ့တွင် တိုင်းအစိုးရရုံးအဖွဲ့သို့အကြောင်းကြားပြီး ၊ညနေပိုင်းမှ မြို့နယ်အုပ်ချုပ်ရေးမှ စာမတင်ထားလို့ ခွင့်မပြုကြောင်းခေါ်ယူပြောဆိုခဲ့ကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ကိုစိုးလှိုင်ဦးက ပြောသည်။

“ အကြိုလူထုတွေ့ဆုံပွဲများအား ABSDFက ရန်ကုန်မြို့၊ ကျောက်ဆည်မြို့၊ ထားဝယ်မြို့၊ မကွေးမြို့၊ မုံရွာမြို့၊ ပဲခူးမြို့နှင့် ပုသိမ်မြို့များတွင် ကျင်းပရန်စီစဉ်ထားကြောင်း၊ မုံရွာ၊ပဲခူးနှင့်ပုသိမ် ပွဲများတွင် သက်ဆိုင်ရာ ဆက်မလုပ်ရန် တားမြစ်ခြင်းများ ရှိပါတယ်။ အခုလို တားမြစ်မှုများကျော်လွှားနိုင်အောင် စီစဉ်ဆောင်ရွက်မှုများ လုပ်နေပါတယ်” ဟု ရဲဘော်ဆန်နီက ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်နှင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဟာ ပြည်သူလူထုနှင့်ပ တ်သက် သည့်အတွက်ကြောင့် ပြည်သူလူထုအများဆုံး ပါဝင်နိုင်သလောက်ပါဝင်နိုင်အောင် လူထုအသံတွေ ပါဝင်နိုင်အောင် စုစည်းတင်ပြနိုင်ရန် အကြိုလူထုတွေ့ဆုံပွဲတွေပြုလုပ်ရသည်ဟု ဆိုသည်။

"ဒီလိုတားဆီးမှုတွေရှိနေဦးမယ် ။ လူထုတွေ့ဆုံပွဲတွေ အကြံဉာဏ်ယူပွဲတေ ွနှောင့်နှေးသရွေ့ ကျွန်တော်တို့ အမြင်က ၂၁ ရာစုပြည်ထောင်စုငြိမ်းချမ်းရေးကျင်းပဖို့ ဒီလိုအခက်အခဲတွေရှိရင် ကျင်းပသင့်တဲ့အချိန် ကျင်းပဖို့အခက်အခဲရှိပါမယ် ။ အဲဒီလိုတွေဖြစ်ရင် ကျွန်တော်တို့တိုင်းပြည်မှာ ဒီမိုကရေစီအပေါ်မှာ အခြေခံတဲ့ ဖက်ဒရယ်ပေါ်မှာ အခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေး တစ်တိုင်းပြည်လုံးမျှော်လင့်နေတာ နောက်ဆုတ်မသွားစေချင်ပါဘူး ” ဟု ABSDF မှ ရဲဘော်ဆန်နီက ပြောသည်။

၂၁ ရာစုပင်လုံညီလာခံအကြိုလူထုတွေဆုံပွဲအား ပုသိမ်မြို့တွင် ဇန်နဝါရီလ၁၃ရက်နေ့နှင့်၁၄ရက်နေ့တွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားပြီးဖြစ်ပြီး၊သက်ဆိုင်ရာမှ တားမြစ်သဖြင့် မကျင်းပဲခဲ့ရပြီး ပုသိမ်မြို့မတိုင်ခင် ကျင်းပသည့် မုံရွာနှင့်ပဲခူးမြို့များတွင် ကျင်းပနေချိန်တွင် တားမြစ်ခြင်းများ ကြုံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly