စပိန်ဘုရင့်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ဘာစီလိုနာအသင်း မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုနှင့် တွေ့ဆုံ

စပိန်ဘုရင့်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ဘာစီလိုနာအသင်း မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုနှင့် တွေ့ဆုံ
(ဓာတ်ပုံ - အီးပီအေ)

စပိန်ဘုရင့်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုကို သောကြာနေ့က မက်ဒရစ်မြို့မှာ ပြုလုပ်ခဲ့ရာ လက်ရှိချန်ပီယံ ဘာစီလိုနာက မြို့ခံပြိုက်ဘက် အက်စ်ပန်ညိုနှင့် ရင်ဆိုင်ကစားရမှာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်က လီဟာနက်စ်၊ အက်သလက်တီကိုမက်ဒရစ်နှင့် ဆီဗီလာ၊ ဗလင်စီယာနှင့် အလာဗတ်စ်တို့ အသီးသီး တွေ့ဆုံနေပါတယ်။

ဘာစီလိုနာအသင်းက ပထမအကျော့အဖြစ် RCDE ကွင်းမှာ အက်စ်ပန်ညိုအသင်းနဲ့ အဝေးပွဲကစားရမှာဖြစ်ပြီး ဘာကာဟာ ၂၀၀၆-၀၇ ရာသီနောက်ပိုင်း အဆိုပါကွင်းမှာ ရှုံးနိမ့်ခဲ့ခြင်း မရှိသေးပါဘူး။

စပိန်ဘုရင်ဖလားပြိုင်ပွဲမှာ ဒီနှစ်သင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်စလုံးမှာလည်း ဘာကာက အနိုင်ရရှိနေပါတယ်။

လီဟာနက်စ်အသင်းကတော့ ရီးယဲလ်မက်ဒရစ်နှင့် စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ သုံးကြိမ်တွေ့ဆုံမှုအနေဖြင့် ကစားရမှာဖြစ်ပါတယ်။

စပိန်ဘုရင့်ဖလားမှာ ဗလင်စီယာအသင်းနှင့် အလာဗတ်စ်တို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုအဖြစ် ကစားကြရမှာဖြစ်ပါတယ်။ အက်သလက်တီကိုကတော့ ဆီဗီလာအသင်းနှင့် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

ပထမအကျော့ပွဲစဉ်တွေကို ဇန်နဝါရီ ၁၆ နှင့် ၁၈ ရက်တွေမှာ ကစားသွားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ တစ်ပတ်အကြာမှာ ကစားဖို့ရှိပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly