အဂတိတရားလေးပါး ကင်းကြရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် နောက်ဆုံးအကြိမ် ဆုံးမစကားပြော

အဂတိတရားလေးပါး ကင်းကြရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် နောက်ဆုံးအကြိမ် ဆုံးမစကားပြော
ဓာတ်ပုံ-မင်းမင်း
 

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ။            ။ အဂတိတရားလေးပါး ကင်းကြရန် ကျန်ရှိဝန်ထမ်းများကို ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီးချုပ် မန်းဂျော်နီ က အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာဝန်များ ကို နောက်ဆုံးအကြိမ်အဖြစ် ဆုံးမစကား ပြောကြားခဲ့သည်။

ယနေ့ (ဇန်နဝါရီ ၁၂ ရက်) ပုသိမ်မြို့နယ်၊ ဧရာရွှေဝါခန်းမတွင်ပြု လုပ်ခဲ့သည့်  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား တွေ့ဆုံ နုတ်ဆက်ပွဲတွင်တွင်ထို သို့ပြောဆို ဆုံးမခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့သည် ဝန်ထမ်းများဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူပြည်သားတွေအတွက် အလုပ် လုပ်နေတာ ဖြစ်လို့ ဆန္ဒဒေါသ၊ ဘယာမောဟဆိုတဲ့ အဂတိတရားလေးပါးနဲ့ ကျွန်တော်တို့ တာဝန်ထမ်းဆောင်ပေးထားတဲ့ ပြည်သူတွေကို ဆန္ဒဒေါသ၊ ဘယာမောဟ နဲ့ သူတို့ကို ပစ်မှားမိခဲ့မယ်ဆိုရင် သတိရပြီးတော့ သူတို့ကို ပြည်သူတွေကိုလည်းပဲ အဲ့အတိုင်းစိတ်ထားပြီးတော့ ခင်ဗျားတို့ကို  ဆန္ဒဒေါသ၊ ဘယာမောဟ နဲ့ ပစ်မှားမိခဲ့ သည်ရှိသော် ခွင့်လွှတ်ဖို့ ကြည်ဖြူဖို့ စိတ်ထားနဲ့ ဆိုချင်ပါတယ်” ဟု ဝန်ကြီးချုပ် မန်းဂျော်နီက ပြောကြားခဲ့သည်။

“ လုပ်ဖော်ကိုင်ဖက်များအားလုံး မိမိရဲ့နိုင်ငံနဲ့ နီုင်ငံသားတွေအတွက် အနစ်နာခံပြီး မေတ္တာရှေ့ထားပြီးတော့၊ ဂရုဏာရှေ့ထားပြီးတော့ စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့်၍ ထမ်းဆောင်နိုင်သော   နိုင်ငံသားကောင်း၊  နိုင်ငံတော်ရဲ့ သမီးကောင်းများဖြစ်ကြပါစေ " ဟု ဧရာဝတီတိုင်း ဝန်ချုပ် မန်းဂျော်နီက ပြောသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီက " ရိုးသားဖြောင့်မတ်မှုပါရင် ဘာပြဿနာမှ မတက်ပါဘူး”ဟု တိုင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီးများကို ဇန်န်ဝါရီလ ၁၁ရက်နေ့ တွေ့ဆုံစဉ်ပြောကြားထားသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စိုက်ပျိုးမွေးမြူးရေးနှင့်သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး တို့အား နိုင်ငံတော်သမ္မတက ဇန်နဝါရီလ ၁၀ ရက်နေ့တွင် နှုတ်ထွက်ခွင့်ပြုထားသည်။

လက်ရှိအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဘဟိန်း ၊ မကွေးတိုင်းဒေသကြီးမှ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးစိုးမြင့်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးနေမျိုးကျော်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းစံ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့ နှုတ်ထွက်ပြီး ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမန်းဂျော်နီကို  ဇန်နဝါရီလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတက နှုတ်ထွက်ခွင့်ပြုလိုက်ပြီးနောက် လစ်လပ်သွား သည့် ဝန်ကြီးချုပ်နေရာ အတွက် ဒေသခံအချို့က ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုနေကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly