နာမည်ကြီးအမေရိကန်အဆိုတော်မလေး မီဂန်ထရိန်နာသည် သူမ၏သီချင်းများထဲ၌ အခြားနာမည်ကျော် အဆိုတော်များဖြစ်ကြသော ချာလီပုသ်၊ ဂျွန်လဲဂျန့်တို့နှင့်တွဲ၍ သီဆိုခဲ့ဖူးသော်လည်း ယခုအခါတွင် ပရိသတ် မသိသည့် အထူးဧည့်သည်တော်များနှင့်တွဲ၍ သူမ၏သီချင်းအယ်လ်ဘမ်အသစ်ထဲ၌ သီချင်းများဖန်တီးထား သည်ဟု သိရသည်။
“ကျွန်မစတူဒီယိုထဲမှာ ကျွန်မရဲ့မိသားစုနဲ့အတူ နေ့တိုင်းရှိနေပါတယ်” ဟု အသက် ၂၄ နှစ်အရွယ် အဆိုတော်မ လေးက Entertainment Weekly သတင်းစာသို့ ပြောကြားခဲ့သည်။ “ကျွန်မရဲ့ မိသားစုဝင်အားလုံး အယ်လ်ဘမ် အသစ်ထဲက သီချင်းတိုင်းမှာပါဝင်သီဆိုထားသလို ကျွန်မရဲ့ခင်ပွန်းလောင်း ဒါလီဆာဘရာကလည်း သီချင်းတိုင်း မှာ ပါဝင်သီဆိုထားပါတယ်။ သီချင်းတစ်ပုဒ်မှာဆိုရင် ကျွန်မအဖေက စန္ဒရားနဲ့ အော်ဂင်တွေပါ ဝင်ကူပြီးတီးပေး ထားပါတယ်” ဟု သူမက ဆိုခဲ့သည်။
ထိုအယ်လ်ဘမ်သည် သူမ၏ သုံးချပ်မြောက် အယ်လ်ဘမ်တစ်ခုဖြစ်လာမည်ဖြစ်ပြီး ဖြန့်ချီမည့်ရက်ကိုတော့ မကြေညာရသေးကြောင်း သိရသည်။
All About the Bass သီချင်းနှင့် စတင်လူသိများလာသည့် မီဂန်တရိန်နာသည် ယခု ၂၀၁၈ ခုနှစ်ကို ပျော်ရွှင်စွာ နှင့် စတင်ဖြတ်သန်းနေပြီဖြစ်သည်။ သူမသည် Spy Kids ရုပ်ရှင်ကြယ်ပွင့် ဆာဘရာနှင့် တစ်နှစ်ခွဲခန့်လက်တွဲခဲ့ အပြီးတွင် ပြီးခဲ့သော ဒီဇင်ဘာလက စေ့စပ်ခဲ့သည်။
ဒါ့အပြင်သူမသည် Fox ရုပ်သံလိုင်း၏ တေးဂီတပြိုင်ပွဲအစီအစဉ်သစ်တစ်ခုဖြစ်သော The Four တွင် အခြား အနုပညာရှင်များဖြစ်ကြသည့် ဒစ်ဒီ၊ ဒီဂျေခါလက်ဒ်၊ ဖာဂီတို့နှင့်အတူ ပါဝင်ထားသည်။
Ref: Billboard