ကာမီလာကာဘယ်လို၏ ပွဲဦးထွက်သီချင်းအယ်လ်ဘမ်ထွက်ရှိ

ကာမီလာကာဘယ်လို၏ ပွဲဦးထွက်သီချင်းအယ်လ်ဘမ်ထွက်ရှိ

Fifth Harmony အဖွဲ့ဝင်ဟောင်းဖြစ်သူ အဆိုတော်မလေး ကာမီလာကာဘယ်လိုသည် အဖွဲ့မှထွက်ခွာပြီးသည့် နောက် တစ်နှစ်အကြာတွင် Camila ဟုခေါင်းစဉ်ပေးထားသော သူမ၏ ပွဲဦးထွက်သီချင်းအယ်လ်ဘမ်ကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်ဖြန့်ချီခဲ့သည်။

ကာမီလာ၏ အယ်လ်ဘမ်အသစ်ထဲတွင် နောက်ဆုံးထွက်ရှိထားသည့် သီချင်းဖြစ်သော "Never Be the Same” နှင့် Young Thug ပါဝင်သီဆိုပေးထားသည့် ပေါက်သီချင်းတစ်ပုဒ်ဖြစ်သော Havana အပါအဝင် စုစုပေါင်း သီချင်း ၁၀ ပုဒ်ခန့်ပါဝင်သည်။

Havana သီချင်းသည် လက်ရှိအချိန်တွင် Billboard သီချင်းဇယား၌ နံပါတ် ၂ နေရာတွင် ရပ်တည်နေသလို ဗြိတိန်နှင့် သြစတြေးလျတို့မှ သီချင်းဇယားများ၌လည်း ထိပ်ဆုံးနေရာမှ အချိန်တော်ကြာရပ်တည်နိုင်ခဲ့သော သီချင်းကောင်းတစ်ပုဒ်ဖြစ်သည်။

Havana သီချင်းကို Spotify မှ အကြိမ်ပေါင်း သန်း ၅၄၅ သန်းကျော်ခန့် ထုတ်လွှင့်ခဲ့ရသလို ယင်းသီချင်း၏ သီချင်းဗီဒီယိုမှာလည်း YouTube နှင့် Vevo ၌ ကြည့်ရှုအကြိမ်ရေ သန်း ၅၀၀ ကျော်ရရှိခဲ့သည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly