စပိန်လာလီဂါမှ ကစားသမားများ ကြီးစိုးထားတဲ့ ၂၀၁၇ အကောင်းဆုံးအသင်း

စပိန်လာလီဂါမှ ကစားသမားများ ကြီးစိုးထားတဲ့ ၂၀၁၇ အကောင်းဆုံးအသင်း

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) မှ ထုတ်ပြန်လိုက်တဲ့ ၂၀၁၇ ခုနှစ် အကောင်းဆုံးအသင်း (Fans’ Team of the Year 2017) (၁၁) ဦးမှာ စပိန်လာလီဂါမှ ကစားသမားများကသာ ကြီးစိုးထားပြီး ရီးယဲလ်အသင်းမှ ကစားသမား ငါးဦးအထိ ပါဝင်ခဲ့ပါတယ်။ အဆိုပါအသင်းမှာ ကစားသမားသစ်အနေဖြင့် ကီဗင်ဒီဘရိုင်းနှင့် ဟာဇက်တို့ နှစ်ဦးပါဝင်လာတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ် အကောင်းဆုံးအသင်းအတွက် ကနဦး ဆန်ခါတင် ကစားသမား ၅၀ ဦးကို ဝါရင့် သတင်းထောက်များနှင့် ကျွမ်းကျင်သူ သတင်းထောက်များအပါအဝင် ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ အယ်ဒီတာအဖွဲ့က ၂၀၁၇ ဘောလုံးပြက္ခဒိန်အတွင်း UEFA ပြိုင်ပွဲများမှာ ဥရောပကလပ်အသင်းတစ်ခု သို့မဟုတ် နိုင်ငံအသင်းတစ်သင်းအတွက် ကစားသမားများရဲ့ အခြေခံ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ယခု အကောင်းဆုံးအသင်းကို ကမ္ဘာတဝှမ်းမှ ပရိသတ်များက ကစားသမားတစ်ဦးချင်းကို ရွေးချယ်ခဲ့ပြီး စုစုပေါင်း မဲ ၈,၇၇၉,၆၃၉  ပေးခဲ့တာဖြစ်ပါတယ်။ ဒါက ပြီးခဲ့နှစ်က မဲ ၇.၁၅ သန်းထက် မဲ ၁.၆ သန်းအထိ တိုးမြှင့် ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်က စံချိန်တင်ထားတဲ့ မဲ ၈.၆ သန်းကိုလည်း ကျော်ဖြတ်ထားခဲ့တာကို တွေ့ရပါတယ်။

ရီးယဲလ်အသင်းမှ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အကောင်းဆုံးအသင်းမှာ စံချိန်တင် ၁၂ ကြိမ်မြောက် ပါဝင်ခဲ့ပြီး သူ့ရဲ့အသင်းဖော် ရာမို့စ်မှာ ယခုနှစ် အကောင်းဆုံးအသင်းမှာ မဲပေးမှု ၅၈၈,၃၁၅ ဖြင့် အများဆုံးမဲရရှိခဲ့ပါတယ်။

ထူးခြားမှုအနေဖြင့် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး အများဆုံးကစားသမားဖြစ်တဲ့ ပီအက်စ်ဂျီမှ တိုက်စစ်မှူး နေမာ ပါဝင်ခဲ့မရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် အကောင်းဆုံးအသင်းကို ၄-၄-၂ ကစားကွက်ဖြင့် အခြေခံထားပြီး ပရိသတ်က ဒီကစားကွက်ကို ၄၅၉,၇၉၇ မဲပေးကာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် အကောင်းဆုံးအသင်း
ဂိုး - ဘူဖွန် (ဂျူဗင်တပ်စ်၊ အီတလီ)
နောက်တန်း - အဲဗက်စ် (ဂျူဗင်တပ်စ်/ပီအက်စ်ဂျီ၊ ဘရာဇီး)၊ ဆာဂျီယို ရာမို့စ် (ရီးယဲလ်၊ စပိန်)၊ ချီလီနီ (ဂျူဗင်တပ်စ်၊ အီတလီ)၊ မာဆယ်လို (ရီးယဲလ်၊ ဘရာဇီး)
အလယ်တန်း - ဒီဘရိုင်း (မန်စီးတီး၊ ဘယ်လ်ဂျီယံ)၊ တိုနီခရူးစ် (ရီးယဲလ်၊ ဂျာမနီ)၊ လူကာမိုဒရစ် (ရီးယဲလ်၊ ခရိုအေးရှား)၊ ဟာဇက် (ချယ်လ်ဆီး၊ ဘယ်လ်ဂျီယံ)
ရှေ့တန်း - မက်ဆီ (ဘာစီလိုနာ၊ အာဂျင်တီးနား)၊ ရော်လ်နယ်ဒို (ရီးယဲလ်၊ ပေါ်တူဂီ)

မဲပေးမှု အပြည့်အစုံကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။ en.toty.uefa.com

Ref; UEFA.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly