ပြံုချမ်းအိုလံပစ်ပြိုင်အတွက် သီချင်းရေးစပ်သီဆိုပေးခဲ့သည့် BIGBANG အဖွဲ့ဝင် တေးယန်း

ပြံုချမ်းအိုလံပစ်ပြိုင်အတွက် သီချင်းရေးစပ်သီဆိုပေးခဲ့သည့် BIGBANG အဖွဲ့ဝင် တေးယန်း

တောင်ကိုရီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၀၁၈ ပြုံချမ်းအိုလံပစ်ပြိုင်ပွဲအတွက် နာမည်ကျော် အမျိုးသားပေါ့ပ်ဂီတအဖွဲ့ BIGBANG ၏ အဖွဲ့ဝင်ဖြစ်သူ တေးယန်းက သီချင်းတစ်ပုဒ်ရေးစပ်သီဆိုပေးခဲ့ပြီး Louder ဟုအမည်ပေးထားသော ထိုသီချင်းကို မကြာခင်က ဖြန့်ချီခဲ့သည်။

အိုလံပစ်ပြိုင်ပွဲအတွက် ဂုဏ်ထူးဆောင်သံတမန်အဖြစ် ခန့်အပ်ခံထားရသည့် ကေပေါ့ပ်ကြယ်ပွင့် တေးယန်းသည် ပြိုင်ပွဲအတွက် Louder ဟုအမည်ပေးထားသော ပေါ့ပ်ရော့ခ်အမျိုးအစား သီချင်းတစ်ပုဒ်ကို ရေးစပ်သီဆိုပေးခဲ့ခြင်းဖြစ်ကြောင်း ပြုံချမ်းအိုလံပစ်ပြိုင်ပွဲ၏ တရားဝင်တွစ်တာအကောင့်၌ ဖော်ပြခဲ့သည်။

အိုလံပစ်ပြိုင်ပွဲအတွက် တေးယန်းမှ သီချင်းရေးစပ်သီဆိုပေးမည့်သတင်းကို ပြီးခဲ့သောဇွန်လကတည်းက ကြေညာခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလရောက်မှသာ တရားဝင်ဖြန့်ချီခြင်းဖြစ်သည်။

တေးယန်းသည် အခြားနာမည်ကျော်အဆိုတော်များနှင့် အနုပညာရှင်များဖြစ်ကြသော ဂျိုဆမ်မီ၊ အင်ဆွန်းနီ၊ Girl’s Day အဖွဲ့၊ AOA အဖွဲ့နှင့် CNBlue အဖွဲ့ဝင် ဂျန်ယောင်ဟွာတို့ကဲ့သို့ ၂၀၁၈ ပြုံချမ်းအိုလံပစ်ပြိုင်ပွဲအတွက် ဂုဏ်ထူးဆောင်သံတမန်အဖြစ် ရွေးချယ်ခံထားရခြင်းဖြစ်သည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly