သူ၏ အမျိုးသားချစ်သူနှင့် မကြာခင်လက်ထပ်တော့မည့် အဆိုတော်ရစ်ကီမာတင်

သူ၏ အမျိုးသားချစ်သူနှင့် မကြာခင်လက်ထပ်တော့မည့် အဆိုတော်ရစ်ကီမာတင်

နာမည်ကျော် အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ ပွေတိုရီကန်နိုင်ငံသား ရစ်ကီမာတင်သည် သူ၏ချစ်သူ ဂျွမ်ယိုဆပ်ဖ်နှင့် မကြာမီတွင် လက်ထပ်တော့မည်ဟု ဂီတသတင်းဝက်ဘ်ဆိုက် Billboard က အတည်ပြုပေး ခဲ့သည်။

“ကျနော်တို့ ကတိကဝတ် အပြန်အလှန်ပြုခဲ့ကြပြီးပါပြီ” ဟု အသက် ၄၆ နှစ်အရွယ်ရှိ ရစ်ကီမာတင်က ပြောဆိုခဲ့ ပြီး “ကျနော်တို့ လက်မှတ်ထိုးစရာရှိတဲ့ စာရွက်စာတမ်းတွေ အားလုံးမှာလည်း လက်မှတ်ထိုးပြီးပါပြီ” ဟု ပြောခဲ့ သည်။

ဒါ့အပြင် သူ၏ခံစားချက်နှင့်ပက်သက်၍ “အိမ်ထောင်ပြုရတော့မယ်ဆိုတဲ့ ခံစားချက်က တကယ့်ကိုမယုံကြည် နိုင်လောက်အောင် အံ့သြသင့်ဖို့ကောင်းပါတယ်” ဟု သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

“သူ့ကို သာမန်စေ့စပ်ထားသူအဖြစ်နဲ့ မိတ်ဆက်ပေးလို့မရပါဘူး။ သူဟာ ကျနော့်ခင်ပွန်းပါ။ သူဟာ ကျနော့်ရဲ့ အမျိုးသားပါ” ဟု ရစ်ကီမာတင်က ပြောခဲ့သည်။

ဒါ့အပြင် သူတို့နှစ်ဦးသည် လက်ထပ်မည့်ကိစ္စနှင့်ပက်သက်၍ ကြီးကြီးမားမားအောင်ပွဲခံမည်ဟုလည်း ရစ်ကီက ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။ “လာမည့်လအနည်းငယ်အတွင်းမှာ ကျနော်တို့ဟာ ပါတီပွဲကြီးဆင်နွှဲပါတော့မယ်။ ခင်ဗျားတို့ကို ကျနော် အသိပေးပါမယ်” ဟု သူက ဆိုခဲ့သည်။

ဂရမ်မီဆုရှင် ရစ်ကီမာတင်သည် သူ၏အမျိုးသားချစ်သူ ပန်းချီဆရာယိုဆပ်ဖ်အား သူ၏အင်စတာဂရမ်မှတဆင့် ပရိသတ်များအား အသိပေးခဲ့ခြင်းဖြစ်သည်။

သူတို့သည် လွန်ခဲ့သော ၂၀၁၆ခုနှစ် အစောပိုင်းက စတင်လက်တွဲခဲ့ခြင်းဖြစ်ပြီး ထို့နောက် ထိုနှစ်နိုဝင်ဘာလ တွင် တရားဝင်စေ့စပ်ခဲ့ကြသည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly