ရီးယဲလ်နှင့် အင်တာမီလန် ကွင်းလယ်လူဟောင်း စနိုက်ဒါ ကာတာကလပ် အယ်ဂါရာဖာအသင်းသို့ ပြောင်းရွှေ့

ရီးယဲလ်နှင့် အင်တာမီလန် ကွင်းလယ်လူဟောင်း စနိုက်ဒါ ကာတာကလပ် အယ်ဂါရာဖာအသင်းသို့ ပြောင်းရွှေ့
(ဓာတ်ပုံ - အေအက်ဖ်ပီ)

အေဂျက်ဇ်၊ ရီးယဲလ်မက်ဒရစ်နှင့် အင်တာမီလန်ကွင်းလယ်ကစားသမားဟောင်း စနိုက်ဒါဟာ နေရာအနှံ့မှ ကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချခဲ့ပြီး ဒိုဟာရှိ ကာတာကလပ် အယ်ဂါရာဖာအသင်းသို့ ပြောင်းရွှေ့သွားခဲ့တယ်လို့ သိရှိရပါတယ်။

စနိုက်ဒါက သူဟာ လွန်ခဲ့တဲ့ လအနည်းငယ်က ပြင်သစ် လီဂူ ၁ ကလပ် နိုက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရှိတာကြောင့် စိတ်ပျက်ခဲ့ရပြီးနောက် အခုလို အယ်ဂါရာဖာအသင်းထံ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

အသက် ၃၃ အရွယ်ရှိ ကစားသမားဟာ အယ်ဂါရာဖာအသင်းနဲ့ တစ်နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး လာမယ့် သောကြာနေ့မှာ ပွဲဦးထွက် ပါဝင်ခွင့် ရဖွယ်ရှိတယ်လို့ သိရပါတယ်။

“အရိုးသားဆုံးပြောရရင် ကျနော့် ရွေးချယ်မှုက ဒီမှာ လာပြီး ဘောလုံးကစားချင်ဖို့ပါ။ ကျနော်အကြောင်းနဲ့ ပတ်သက်လို့ အမေရိကန်ကို သွားမယ်၊ တရုတ်ကို သွားတော့မယ်တို့၊ အခြားတစ်နေရာကို သွားမယ်လို့ စတဲ့ထင်ကြေးတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် သူ ကာတာကို သွားလိမ့်မယ်ဆိုတဲ့ သတင်းကိုတော့ ကျနော် မဖတ်ခဲ့ရပါတယ်။”လို့ စနိုက်ဒါက ဒိုဟာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

စနိုက်ဒါက သူဟာ မက္ကစီကိုနှင့် ဘရာဇီးရှိ ကလပ်များမှ ကမ်းလှမ်းမှုကိုလည်း ရရှိခဲ့ပြီး ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဟုတ်ပါတယ်။ နေရာတကာကနေ ကမ်းလှမ်းမှု အများအပြားရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာဟာ အလွန်နွေးနွေးထွေးထွေးကြိဆိုတယ်လို့ ကျနော် ခံစားရပြီး ပျော်ရွင်မိတယ်မို့ ကျနော် အယ်ဂါရာဖာအသင်းကို ရွေးချယ်ခဲ့တာပါ။”လို့ သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ကာတာနိုင်ငံမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် လူ့အခွင့်အရေးနှင့် အကျင့်ပျက်ခြစားမှုတွေလို ရှိခဲ့ပြီး အကြီးအကျယ် ဝေဖန်ခံနေရတဲ့ နိုင်ငံဖြစ်နေပေမယ့် စနိုက်တာက ကာတာမှာ  ဘောလုံးကစားရန် စိုးရိမ်ခြင်း မရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

သူက “ကျနော်မှာ ဘာမှ စိုးရိမ်ပူပန်မှုတွေ မရှိပါဘူး။ ကျနော်ဟာ ဒီမှာ ဘောလုံးကစားဖို့ လာခဲ့တာပါ။ အခြားအကြောင်းတွေကို စဉ်းစားမနေပါဘူး”လို့ ပြောပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags