ကင်မ်ဂျံုအန်းနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း တောင်ကိုရီးယားသမ္မတ ပြောကြား

ကင်မ်ဂျံုအန်းနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း တောင်ကိုရီးယားသမ္မတ ပြောကြား

ဇန်နဝါရီ ၁၀ ။           ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့အတူ စားပွဲတစ်လုံးတည်းမှာ ထိုင်ပြီး တွေ့ဆုံဆွေးနွေးသွားလိုကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လာမယ့် လ တောင်ကိုရီးယားမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ကစားသမားတွေ စေလွှတ်ဖို့ မြောက်ကိုရီးယားဘက်က သဘောတူခဲ့ပြီး ယင်းအပေါ်မှာလည်း နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုဆိုခဲ့ကြပါတယ်။

တောင်မြောက် နှစ်နိုင်ငံအနေနဲ့ နှစ်နှစ်တာအတွင်း ပထမဆုံးသော တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက နှစ်နိုင်ငံအကြား စစ်မဲ့ဇုန် ပန်မွန်ဂျွန် ရွာကလေးမှာ ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးမှုတွေကနေတဆင့် တောင်ကိုရီးယား အားကစားပွဲတွေဆီ ကစားသမားတွေ စေလွှတ်ယှဉ်ပြိုင်စေဖို့ မြောက်ကိုရီးယားဘက်က သဘောတူခဲ့တာဖြစ်ပါတယ်။

" ဒါက အစပဲ ရှိပါသေးတယ်၊ မနေ့က ပထမ ခြေလှမ်းတစ်ခုကို လှမ်းလိုက်နိုင်တာပါ၊ ကျွန်တော်တို့ အစကောင်းတစ်ခု ရထားပြီလို့ ယူဆပါတယ်" ဆိုပြီး တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောပါတယ်။

" နောက်တဆင့်အနေနဲ့ကတော့ မြောက်ကိုရီးယားကို နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲတွေမှာ ပါလာအောင် ဆွဲဆောင်သွားဖို့ ဖြစ်ပါတယ်" လို့လည်း ၎င်းက ပြောပါတယ်။

ဒါ့အပြင် သင့်တော်မှန်ကန်တဲ့ အခြေအနေအောက်မှာ ခေါင်းဆောင်နှစ်ဦးအကြား ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပသွားဖို့လည်း ဆန္ဒရှိကြောင်း ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly