၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) အကြိုလူထုဆွေးနွေးပွဲ မကွေးတွင် ပြုလုပ်

၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) အကြိုလူထုဆွေးနွေးပွဲ မကွေးတွင် ပြုလုပ်

 

မကွေး ဇန်နဝါရီလ ၁၀ ရက် ။             ။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ (တတိယအစည်းအဝေး) အကြိုလူထုဆွေးနွေးကို  မကွေးမြို့ ဂေါက်ကလပ်ကွင်း ခန်းမတွင် ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) အဖွဲ့မှ ဦးစီးကျင်းပပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ရွာလူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

 မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးအဖွဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ရဲဘော်လွမ်းဏီက ပြည်ထောင်စုငြိမ်းချမ်းရေး(၂၁)ပင်လုံကို  ထောက်ခံကြိုဆိုကြောင်း၊   ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံညီလာခံကြီးတွင် လူထု၏ အ

သံများပါစေချင်သောကြောင့် လူထုတွေဆုံပွဲများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောသည်။

 " ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံညီလာခံပွဲများမတိုင်ခင် အရင်ကလည်း လူထုအသံတွေ ယူပါတယ် လူထုအသံတွေကို ပင်လုံညီလာခံကြီးမှာ ပါစေချင်တဲ့အတွက် လူထုတွေ့ဆုံဆွေးနွေးပွဲတွေ ဆောင်ရွက်နေတာပါ" ဟု ရဲဘော်လွမ်းဏီကပြောသည်။

လူထုအသံများ ပြည်ထောင်စုငြိမ်းရေး ညီလာခံ ၂၁ ပင်လုံတွင် ပါဝင်နိုင်ရန်အတွက် ၂၀၁၆ခုနှစ်၊၂၀၁၇ခုနှစ်များတွင် လူထုဆွေးနွေး မှုများကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

" ဒီလိုဆွေးနွေးပွဲတွေ ပြုလုပ်တဲ့အတွက် လူထုရဲ့အမြင်တွေ သဘောထားတွေ စုစည်းနိုင်တယ် ကွဲလွဲချက်တွေကို ညှိနှိုင်းနိုင်တာတွေရှိတယ်။ ပြည်တောင်စုငြိမ်းချမ်းရေးညီလာခံအတွက်ကတော့ လူထုဆွေးနွေးပွဲတွေ လုပ်ဆောင်တာ တစ်ကယ်ကောင်းပါတယ် " ဟု ရဲဘော်လွမ်းဏီက ဆိုသည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆိုင်ရာလှုပ်ရှားမှုများအကြောင်း၊ ငြိမ်းချမ်းရေးကိုဘယ်လိုပုံဖော်မလဲ၊ ပြည်တွင်းစစ်ကြီးကို ဘယ်လိုရပ်စဲအောင် ဆောင်ရွက်မလဲ စသည့် အကြောင်းအရာများအား   ဆွေးနွေးပွဲတက်ရောက်လာသူများက အုပ်စုဖွဲ့ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required