ရိုက်တာသတင်းထောက်များကိစ္စ ဒိန်းမတ်သံရုံး ကြေညာချက်ထုတ်

ရိုက်တာသတင်းထောက်များကိစ္စ ဒိန်းမတ်သံရုံး ကြေညာချက်ထုတ်
ဓါတ်ပုံ-သက်ကို/မဇ္ဈိမ

 

ဇန်နဝါရီ ၁၀  ။       ။ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဒိန်းမတ် သံရုံးက ကြေညာချက်ထုတ်တောင်းဆိုလိုက်သည်။

၎င်းတို့နှစ်ဦးအား မြန်မာအစိုးရ ရှေ့နေများက အစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် ယနေ့ စွဲချက်တင်လိုက်ပြီ ဖြစ်သည်။

 ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရတစ်ရပ်အနေဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်ရန် အလို့ငှာ သက်တမ်းကြာဟောင်းနေပြီဖြစ်သည့် ကိုလိုနီခေတ်က ပြင်းထန်တင်းကျပ်သည့် ဥပဒေတစ်ရပ်ကို အသုံးပြုခြင်းမှာ လွန်စွာ စိတ်ပျက်စရာ ကောင်းနေကြောင်း၊ လွတ်လပ်ပြီး အမှီအခိုကင်းသည့် သတင်းမီဒီယာတစ်ရပ် ရှိရေးမှာ ဒီမိုကရေစီအတွက် မရှိမဖြစ် လိုအပ်သည့် အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ ထိုကဲ့သို့ လွတ်လပ်သည့် မီဒီယာရှိမှလည်း ပြည်သူတစ်ရပ်လုံးအနေဖြင့် နိုင်ငံတွင် ဖြစ်ပျက်နေသည့် အားလုံးသော အရေးကြီး ဖြစ်စဉ်များ ကို သိရှိနိုင်မည်ဖြစ်သကဲ့သို့ ရွေးကောက်ခံအစိုးရအနေဖြင့်လည်း ယင်းအား ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူတစ်ရပ်လုံးအပေါ် တာဝန်ခံနိုင်မည် ဖြစ်ကြောင်း ဒိန်းမတ် သံရုံးထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required