တရားရုံးလာသည့် အမျိုးသမီးကြီးတစ်ဦး တရားရုံးအနီးတွင် အသတ်ခံရ

တရားရုံးလာသည့် အမျိုးသမီးကြီးတစ်ဦး တရားရုံးအနီးတွင် အသတ်ခံရ

 

 

မန္တလေး ဇန်နဝါရီ ၁၀ ။         ။ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်တရားရုံးသို့ ရုံးချိန်းလာရောက်သူ အသက် ၇၀ အရွယ်အမျိုးသမီးကြီးတစ်ဦး ၎င်းတရားရုံးအနီးတွင်ယနေ့ ဇန်နဝါရီလ ၁၀ ရက်၊မွန်းလွဲ ၁ နာရီခန့်က အသတ်ခံလိုက်ရကြောင်း သိရသည်။

 

အဆိုပါသေဆုံးသူမှာ ချမ်းမြသာစည်မြို့နယ် ၅၉လမ်း၊ဘုရင့်နောင်လမ်းသွယ်၊ ကန်သာယာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး နတ်ရေကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အသရေဖျက်မှုဖြင့် တရားစွဲဆိုခံထားရသူဖြစ်သည်။

၎င်းအမှုအတွက် တရားရုံးလာစဉ် တရားရုံးအထွက်၌ အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။

အမှတ် ၁၁ ရဲစခန်းမှူး ရဲအုပ် ဝင်းဗိုလ်က"တရားခံမိဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်"ဟုပြောသည်။

လူသတ်မှုကျူးလွန်ခဲ့သူအား(ပ)၂၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အရေးယူနိုင်ရန် အမှတ် ၁၁ ရဲစခန်းမှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required