Avajar အလှကုန်ပစ္စည်း၏ အမှတ်တံဆိပ်မော်ဒယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် Super Junior

Avajar အလှကုန်ပစ္စည်း၏ အမှတ်တံဆိပ်မော်ဒယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် Super Junior

တောင်ကိုရီးယားမှ နာမည်ကျော် အမျိုးသားပေါ့ပ်ဂီတအဖွဲ့ Super Junior သည် Avajar အလှကုန်ပစ္စည်း၏ အမှတ်တံဆိပ်မော်ဒယ်များအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ထို့ကြောင့် Super Junior အဖွဲ့သည် ဇန်နဝါရီလမှစတင်၍ ယင်းအလှကုန်ပစ္စည်း၏ အမှတ်တံဆိပ်မော်ဒယ်များ အဖြစ် ဆောင်ရွက်သွားတော့မည်ဖြစ်သည်။

Avajar အလှကုန်ပစ္စည်းကုမ္ပဏီက ၎င်းတို့အနေဖြင့် Super Junior အဖွဲ့ကို အမှတ်တံဆိပ်မော်ဒယ်များအဖြစ် ရွေးချယ်ခံသည့် အကြောင်းရင်းနှင့်ပက်သက်၍ “ ကျနော်တို့ရဲ့စီးပွားရေးကို Super Junior အဖွဲ့နဲ့အတူ တစ်ကမ္ဘာလုံးကို တိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်။ သူတို့အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံအများအပြားမှာ ခိုင်မာတဲ့ ပရိသတ် အဖွဲ့တွေကို ရရှိထားပါတယ်” ဟု ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် Super Junior အဖွဲ့သည် ကဏ္ဍအသီးသီးတွင် တက်ကြွစွာလှုပ်ရှားလျက်ရှိပြီး လာမည့် ဇန်နဝါရီလ ၂၆ရက်နေ့တွင်လည်း Super TV ဟု အမည်ပေးထားသော သူတို့၏ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် ပြသသွားနိုင်ရန် စီစဉ်ထားသည်။

Ref: AllKpop

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly