မင်းသမီးအဖြစ်မှ ဒါရိုက်တာအဖြစ်သို့ ပြောင်းလဲလုပ်ကိုင်လိုသည်ဟု မားဂေါ့ရော့ဘ်ဘီဖွင့်ဟ

မင်းသမီးအဖြစ်မှ ဒါရိုက်တာအဖြစ်သို့ ပြောင်းလဲလုပ်ကိုင်လိုသည်ဟု မားဂေါ့ရော့ဘ်ဘီဖွင့်ဟ

နာမည်ကျော်သြစတြေးလျမင်းသမီး မားဂေါ့ရော့ဘ်ဘီက သူမသည် မင်းသမီးတစ်ဦးအဖြစ်သရုပ်ဆောင်ခြင်း ထက် ကင်မရာနောက်ကွယ်မှကြိုးကိုင်၍ ရုပ်ရှင်ရိုက်ကူးခြင်းကို ပိုမိုစိတ်ဝင်စားလာသည်ဟု ဖွင့်ဟပြောဆိုခဲ့ သည်။

သရုပ်ဆောင်ကောင်းလှသည့် မားဂေါ့ရော့ဘ်ဘီသည် မကြာသေးခင်က ELLE မဂ္ဂဇင်းအတွက် မျက်နှာဖုံး ဓာတ်ပုံရိုက်ကူးခဲ့ပြီး ထိုမဂ္ဂဇင်းနှင့် အင်တာဗျူးခဲ့စဉ်တွင် သူမ၏သရုပ်ဆောင်ဘဝနှင့် အနာဂတ်တွင်ပြောင်းလဲ လျှောက်လှမ်းသွားလိုသည့် သူမ၏ အနုပညာလမ်းကြောင်းကို ဖွင့်ဟပြောဆိုခဲ့သည်။

“ကျမ သရုပ်ဆောင်ရတာကို မြတ်နိုးနေတုန်းပါပဲ။ ဒါပေမယ့် ကျမ သရုပ်ဆောင်အဖြစ် လုပ်ကိုင်လာတာဟာ ၁၀ နှစ်လောက်ရှိနေပါပြီ။ တဖြည်းဖြည်းနဲ့ကျမဟာ ရုပ်ရှင်ကားတစ်ခုထဲမှာ စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး ဆုံးဖြတ်ချက် တွေချမှတ်တဲ့သူအဖြစ် လုပ်ကိုင်ချင်လာပါတယ်။ ဒါကြောင့် ကျမ ဒါရိုက်တာအဖြစ် လုပ်ကိုင်သွားဖို့ အစီအစဉ် ရှိပါတယ်” ဟု မားဂေါ့က ဆိုခဲ့သည်။

မကြာသေးခင်ကထွက်ရှိထားသော I, Tonya ရုပ်ရှင်တွင် တွန်ယာဟားဒင်းအဖြစ် သရုပ်ဆောင်ရင်း ဆုပေါင်း များစွာအတွက် ဇကာတင်စာရင်းတင်သွင်းခံခဲ့ရသော မားဂေါ့ရော့ဘ်ဘီက ယင်းရုပ်ရှင်နှင့်ပက်သက်၍လည်း “တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးရတာဖြစ်တာကြောင့် တွန်ယာဇာတ်ကောင်နေရာကနေ သရုပ်ဆောင် ရတာဟာ အရမ်းကိုခက်ခဲပါတယ်” ဟု မားဂေါ့က ဝန်ခံပြောဆိုခဲ့သည်။

Ref: Enews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly