ဟွန်ဒူးရပ်စ် ကမ်းလွန်မှာ ပြင်းအား ရ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်

ဟွန်ဒူးရပ်စ် ကမ်းလွန်မှာ ပြင်းအား ရ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်

ဇန်နဝါရီ ၁၀ ။            ။ ဟွန်ဒူးရပ်စ်နိုင်ငံ ကမ်းရိုးတန်းအပြင်ဘက် ပင်လယ်ပြင်ကို ဗဟိုပြုပြီးတော ဇန်နဝါရီလ ၉ ရက်နှောင်းပိုင်းက့ ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ အားပြင်း ငလျင်ကြီးတစ်ခု လှုပ်သွားခဲ့ကြောင်း သိရပြီး ယခုအခါ အနီးအနား ကာရစ်ဘီယံ ကမ်းခြေများအတွက် ဆူနာမီ အန္တရာယ်သတိပေးချက်များ ထုတ်ပြန်ထားရကြောင်း သိရပါတယ်။

လက်ရှိအချိန်ထိတော့ ငလျင်ကြောင့် သေဆုံး ဒဏ်ရာရသူ ဒါမှမဟုတ် ထိခိုက်ပျက်စီးမှု သတင်းတွေ ထွက်ပေါ်လာသေးခြင်း မရှိသေးပါဘူး။

ငလျင်ဟာ ဂရင်းနစ် စံတော်ချိန် ၂ နာရီ ၅၁ မိနစ်မှာ လှုပ်သွားခဲ့ပြီး ငလျင်ဗဟိုချက်ကတော့ ဟွန်ဒူးရပ်စ်နိုင်ငံ ဂရိတ်ဆွမ် ကျွန်းရဲ့ အရှေ့ဘက် ၂၇ မိုင်အကွာမှာ ဖြစ်တယ်လို့ အမေရိကန် ဘူမိလေ့လာရေး အဖွဲ့ USGS က ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ နိုင်ငံမှာ အရေးပေါ်အခြေအနေ အဆင့်သတ်မှတ်ထားပြီး ပြည်သူတွေကိုလည်း တည်တည်ငြိမ်ငြိမ် သတိဖြင့် နေကြဖို့ တိုက်တွန်းထားကြောင်း ဟွန်ဒူးရပ်စ် သမ္မတ ဟွမ် အော်လိုဒို ဟာနန်ဒက်ဇ်က ပြောပါတယ်။

" ကနဦး တိုင်းတာရရှိတဲ့ အချက်အလက်တွေအရ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆူနာမီ ရေလှိုင်းတွေက ငလျင် ဗဟိုချက်ရဲ့ အနီးအနား ကီလို ၁,၀၀၀ အတွင်းမှာ ရှိတဲ့ ကမ်းခြေတွေဆီ ရောက်လာနိုင်ခြေ ရှိနေပါတယ်" ဆိုပြီး အမေရိကန် အမျိုးသား ရာသီဥတု ပစိဖိတ် ဆူနာမီ သတိပေးချက်ထုတ်ပြန်ချက်ရေး စင်တာက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required