ပါကစ္စတန်အနောက်တောင်ပိုင်း၌ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၆ ဦးခန့်သေဆုံး

ပါကစ္စတန်အနောက်တောင်ပိုင်း၌ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၆ ဦးခန့်သေဆုံး

 

ကွက်တာ၊ ပါကစ္စတန်၊ ဇန်နဝါရီ ၁၀ ။             ။ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းအရပ်ရှိ ကွက်တာမြို့၌ အင်္ဂါနေ့က အသေခံဗုံးခွဲသမား၏လက်ချက် ကြောင့် ရဲတပ်ဖွဲ့ဝင် ၅ဦးအပါအဝင် လူပေါင်း ၆ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၆ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် နိုင်ငံအနောက်တောင်ပိုင်းအရပ်ရှိ ဘယ်လိုချစ္စတန်ခရိုင်အတွင်းမှ ကွေတာမြို့ရှိ တရားဥပဒေပြုလွှတ်တော်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မော်တော်ဆိုင်ကယ်စီးလာတဲ့ အသေခံဗုံးခွဲသမားဟာ ဘတ်စ်ကားတစ်စီးကို အရှိန်နဲ့ဝင်တိုက်ခဲ့တာဖြစ်ပြီး အသေခံဗုံးခွဲခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၅ဦးထက်မနည်းနှင့် လမ်းသွားလမ်းလာတစ်ဦးတို့   သေဆုံးခဲ့ကာ ၁၆ဦး ခန့် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု အကြီးတန်းရဲအရာရှိဖြစ်သူ အဘူလ်ရက်ဇက်ချီမာက ပြောခဲ့သည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပက်သက်၍ မည်သည့်အဖွဲ့အစည်းကမှ ၄င်းတို့၏လက်ချက်ဟု ထုတ်ဖော်ပြောဆိုထား ခြင်းမရှိသေးကြောင်း သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

တွင်းထွက်ပစ္စည်းပေါကြွယ်ဝသော ဘယ်လိုချစ္စတန်ခရိုင်အတွင်း၌ ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများသည် အစ္စလာမ် မစ်စစ်သွေးကြွများနှင့် ခွဲထွက်ရေးအဖွဲ့များကို ဆယ်စုနှစ်တစ်ခုကျော်အောင် တိုက်ခိုက်လျက်ရှိသည်။

အီရန်၊ အာဖဂန်နစ္စတန်တို့နှင့် နယ်နမိတ်ချင်းထိစပ်နေသော ဘယ်လိုချစ္စတန်ခရိုင်သည် ပါကစ္စတန်၏ အကြီးဆုံးခရိုင်ကြီး ၄ခုထဲမှ တစ်ခုဖြစ်ပြီး လူပေါင်း ရ သန်းခန့် နေထိုင်လျက်ရှိသည်။

ယင်းခရိုင်သည် အစ္စလာမ်မစ်စစ်သွေးကြွများ၊ ဂိုဏ်းဂဏစွဲအကြမ်းဖက်မှုများနှင့် ခွဲထွက်ရေးအဖွဲ့များကြောင့် မငြိမ်မသက်ဖြစ်လျက်ရှိသော ဒေသတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required