တောင်ကိုရီးယားနှင့် စစ်ရေးဆက်သွယ်ရေးလိုင်း မြောက်ကိုရီးယား ပြန်ဖွင့်

တောင်ကိုရီးယားနှင့် စစ်ရေးဆက်သွယ်ရေးလိုင်း မြောက်ကိုရီးယား ပြန်ဖွင့်

ဆိုးလ်၊ ဇန်နဝါရီ ၉ ။           ။ ကိုရီးယားနှစ်နို်င်ငံအား ပိုင်းခြားထားသည့် စစ်မဲ့ဇုန် နယ်စပ်တွင် နှစ်ဖက်အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအတွင်း စစ်ရေးဆက်သွယ်ရေးလိုင်း တစ်လိုင်းကို ပြန်လည်ဖွင့်လှစ်ကြောင်း တောင်ကိုရီးယားအား မြောက်ကိုရီးယားဖက်က ပြောသည်။

တရားကိုယ်အားဖြင့် နှစ်ပေါင်း ၆၅ နှစ်ကျော် စစ်ပွဲအတွင်းမှာပင် ရှိနေဆဲဖြစ်သည့် ကိုရီးယားနှစ်နို်င်ငံ၏ အဆင့်မြင့်အရာရှိများ အပြန်အလှန်တွေ့ဆုံဆွေးနွေးမှုကို နှစ်နှစ်အတွင်း ပထမဆုံးအဖြစ် Panmunjom အရပ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခု ပြန်ဖွင့်သည့် ဆက်သွယ်ရေးလိုင်းသည် ပင်လယ်ဝါပတ်ဝန်းကျင်အရပ်ရှိ စစ်ရေးဆက်သွယ်ရေးလိုင်းတစ်လိုင်းလည်း ဖြစ်သည်။

အဆိုပါ ဆက်သွယ်ရေးလိုင်းအား မြောက်ကိုရီးယားဖက်က ဇန်နဝါရီ ၁၀ ရက်တွင် စတင်အသုံးပြုမည်ဖြစ်ကြောင်း မြောက်ပိုင်းကိုယ်စားလှယ်က တောင်ပိုင်းကိုယ်စားလှယ်အဖွဲ့ကို ပြောသည်။

ယခု အစည်းအဝေးတွင် တောင်ကိုရီးယားတွင် ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပွဲသို့ မြောက်ကိုရီးယား တာဝန်ရှိသူများ၊ အားကစားသမား စေလွှတ်ရန် ဆန္ဒရှိကြောင်းလည်း ယင်းအစိုးရက ဖော်ပြခဲ့သည်။

နယ်စပ်တင်းမာမှုများ လျော့ပါးရေးအတွက် စစ်ရေးဆွေးနွေးမှုများ လုပ်ရန်နှင့် ၁၉၅၀-၅၃ စစ်ပွဲအတွင်း ကွဲကွာခဲ့သော မိသားစုများ ပြန်လည်ဆုံစည်းနိုင်ရေးတို့ကို ဆွေးနွေးရန် တောင်ကိုရီးယားဖက်က ယင်းအစည်းအဝေးတွင် ကမ်းလှမ်းထားပြီး မြောက်ကိုရီးယားဖက်က တုံ့ပြန်ထင်မြင်ချက်မပေးသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required