ဂျပန်ပိုင်နက်အတွင်း အမေရိကန် စစ်ရဟတ်ယာဉ် ဆင်းသက်ခြင်းကြောင့် စိုးရိမ်မိကြောင်း ကာကွယ်ရေးဝန်ကြီး ပြော

ဂျပန်ပိုင်နက်အတွင်း အမေရိကန် စစ်ရဟတ်ယာဉ် ဆင်းသက်ခြင်းကြောင့် စိုးရိမ်မိကြောင်း ကာကွယ်ရေးဝန်ကြီး ပြော

တိုကျို၊ ဇန်နဝါရီ ၉ ။            ။ ဂျပန်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်း အမေရိကန်စစ်ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်လာခြင်းအပါအဝင် ပြီးခဲ့သည့် ရက်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်ရပ်နှစ်ရပ်ကြောင့် စိုးရိမ်ပူပန်မှု ဖြစ်ရကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး အိုနိုဒါရာက ၎င်းနှင့် အဆင့်တူ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်းမတ်တစ်ကို ပြောခဲ့ကြောင်း ဆိုသည်။

အမေရိကန်မာရိန်းတပ်ဖွဲ့မှ ရဟတ်ယာဉ်တစ်စီးသည် ဇန်နဝါရီ ရ ရက်က ဂျပန် အိုကီနာဝါကျွန်းမှ ပျံတက်ပြီးနောက် ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်သည် လူနှစ်ဦးလိုက်ပါလျက် အိုကီနာဝါကျွန်းမကြီးရှိ ယိုမီတန်မြို့က အမှိုက်စွန့်ပစ်နေရာတွင် ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်မီဒီယာများက ဖော်ပြသည်။

ထိုသို့ အရေးပေါ်ဆင်းသက်ရာတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။

ရဟတ်ယာဉ်တွင် ဒလက်လည်နှုန်း အလွန်မြန်ဆန်နေသောကြောင့် အရေးပေါ်ဆင်းသက်ခြင်းကို သတိပေးမီးများ မီးမောင်းထိုးပြခဲ့ကြောင်း အမေရိကန်ဖက်က ကိုယ်စားလှယ်များက ရဲဌာနကို ပြောသည်။

ထိုသို့ ရဟတ်ယာဉ် ဆင်းသက်လာခြင်းနှင့် ပတ်သက်ပြီး အိုကီနာဝါ အုပ်ချုပ်ရေးမှူး အိုနာဂါက အမေရိကန်ကို စစ်တပ်ကိုသာမက ဂျပန်အစိုးရအပေါ်ပါ စိတ်ဆိုးအပြစ်ဆိုခဲ့သည်။

ပြီးခဲ့သည့် လအတွင်းကလည်း အမေရိကန်စစ်ရဟတ်ယာဉ်များမှ ပြုတ်ကျလာသော ပစ္စည်းအပိုင်းအစများက အိုကီနာဝါရှိ စာသင်ကျောင်းတစ်ကျောင်းပေါ်သို့ ကျရောက်မှု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly