အချိန်ပိုအလုပ်ဆင်းခြင်းက လေဖြတ်ခြင်းနှင့် နှလုံးရောဂါများဖြစ်နိုင်ခြေ အန္တရာယ်ပိုရှိ

အချိန်ပိုအလုပ်ဆင်းခြင်းက လေဖြတ်ခြင်းနှင့် နှလုံးရောဂါများဖြစ်နိုင်ခြေ အန္တရာယ်ပိုရှိ

အလုပ်လုပ်ရာတွင် ရုံးမှ အချိန်နောက်ကျသည့်အထိ လုပ်ကိုင်ပြီး အလုပ်မှဆင်းခြင်း သည်လေသင်တုန်းဖြတ်ခြင်းနှင့် နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ်များကြောင်း သုတေသနပညာရှင်များ ကဖော်ထုတ်ခဲ့ သည်။

နေ့စဉ်အလုပ်ချိန် တစ်နာရီ ပိုလုပ်နေခြင်းက လေဖြတ်ခြင်းအန္တရာယ် ၁၀ ရာခိုင်နှုန်းရှိကြောင်း အလုပ်ချိန်စာရင်းများနှင့် အလုပ်သမားတို့၏ ကျန်းမာရေးအခြေအနေတို့ကို သုတေသနအကြီး စားပြုလုပ် ပြီးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

တစ်နေ့လျှင် သုံးနာရီထက်ပိုလုပ်သူ ၊ တစ်ပတ်လျှင် နာရီပေါင်း ၅၅ နာရီအလုပ်လုပ်ကိုင်နေရသူများသည် လေသင်တုန်းဖြတ်ခြင်းအန္တရာယ် ၃၃ ရာခိုင်နှုန်းအထိရှိနေကြောင်း သိပ္ပံပညာရှင်များ ကတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

ဥရောပ၊ အမေရိကန်နှင့် သြစတြေးလျအနှံ့ရှိ လူပေါင်း ငါးသိန်းကျော်ထက်မနည်း၏ ကျန်းမာရေးမှတ်တမ်းများကို အခြေခံကာ လန်ဒန်ကောလိပ်မှ သိပ္ပံပညာရှင်များက သုတေသနပြုကာ Lancet ဆေး ပညာဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

အလုပ်ကို အချိန်ကြာကြာလုပ်ကိုင်နေရသူများသည် ပုံမှန်အလုပ်ချိန်သာလုပ်ရသူများထက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းယူမှု နည်းပါးခြင်း၊ ကွန်ပြူတာခုံတွင် အချိန်ပိုကြာကြာ ထိုင်ကာ ကြည့်ပြီး အလုပ် ရခြင်းနှင့် အလုပ်ချိန်ပုံမှန်လုပ်သူများထက် ပို၍ အရက်သေစာသောက်သုံးတတ်ခြင်းများကြောင့် ကျန်းမာရေးအတွက် အန္တရာယ်ပိုများကြောင်းကို ၎င်းပညာရှင်များက သတိပေးထားသည်။

ယခုထုတ်ဖော်သတိပေးချက်ကို ခုနစ်နှစ်ကြာမျှ လူပေါင်း ၅၂၉၀၀၀ တွင် ကျန်းမာရေးစိစစ်ချက်များ ၁၇ ကြိမ် သုတေသနပြုလုပ်ကာ ရလဒ်ကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

သီတင်းတစ်ပတ်လျှင် အလုပ်ချိန် ၄၁ မှ ၄၈ နာရီလုပ်ကိုင်ရသူများသည် ပုံမှန် ၃၅ မှ နာရီ ၄၀ လုပ်ကိုင်ကြသူများထက် လေဖြတ်နိုင်မှုအန္တရာယ် ၁၀ ရာခိုင်နှုန်း ဖြစ်နိုင်ခြေများကြောင်း၊ ၄၉ နာရီမှ ၅၄ နာရီ ကြားလုပ်ကိုင်ကြသူများတွင် ၂၇ ရာခိုင်နှုန်းများပြီး နာရီ ၅၅ နာရီ လုပ်ကိုင်ကြသူများအတွက်မူ ၃၃ ရာခိုင်နှုန်းများပြီး လေဖြတ်နိုင်သည့် အန္တရာယ် အလွန်ဖြစ်နိုင်ခြေများကြောင်း သိပ္ပံပညာရှင်များ ကဖော် ထုတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required