ထိုင်းခြေစမ်းခရီးစဉ်တွင် မြန်မာဖူဆယ်အသင်း ပထမဆုံးရှုံးပွဲကြုံ

ထိုင်းခြေစမ်းခရီးစဉ်တွင် မြန်မာဖူဆယ်အသင်း ပထမဆုံးရှုံးပွဲကြုံ

 

ဇန်နဝါရီ ၉ ။             ။ ၂၀၁၈ အာရှဖူဆယ်ပြိုင်ပွဲဝင်ရန် ထိုင်းနိုင်ငံ၌ လေ့ကျင်ပြင်ဆင်နေသည့် မြန်မာဖူဆယ်အသင်းသည် တတိယမြောက် ခြေစမ်းပွဲတွင် ထိုင်းယူ-၂၃ အသင်းကို ၆-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည်။ ယခုပွဲတွင် မြန်မာအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို အသင်းခေါင်းဆောင် ပြည့်ဖြိုးမောင်(၂)က သွင်းယူပေးခဲ့သည်။

မြန်မာအသင်းသည် ထိုင်းခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲ ၄ ပွဲကစားရန် စီစဉ်ထားသည်။ ပထမပွဲစဉ် ၂ ပွဲတွင် မြန်မာအသင်းသည် ထိုင်းကလပ် CAT Futsal Club ကို ၃-၂ ဂိုးဖြင့်နိုင်ခဲ့ပြီး Tha Khm Futsal Club နှင့် ၂ ဂိုးစီသရေကျခဲ့သည်။ နောက်ဆုံးခြေစမ်းပွဲအဖြစ် ထိုင်း ယူ-၂၃ အသင်းနှင့်ပင် ထပ်မံယှဉ်ပြိုင်ဦးမည် ဖြစ်သည်။

၂၀၁၈ အာရှဖူဆယ်ပြိုင်ပွဲကို တရုတ်တိုင်ပေတွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး မြန်မာအသင်းမှာ လက်ရှိချန်ပီယံအီရန်၊ တရုတ်၊ အီရတ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။   မြန်မာအသင်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အီရန်အသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး ၄ ရက်နေ့တွင် အီရတ်၊ ၆ ရက်နေ့တွင် တရုတ်တို့နှင့် ဆက်လက်ကစားရမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာဖူဆယ်အသင်းသည် နည်းပြဦးဋ္ဌေးမြင့်၏ဦးဆောင်မှုဖြင့် ကစားသမား ၁၆ ဦးနှင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly