စွန့်ဦးတီထွင်လူငယ်များအတွက် Innovation Center ကော်မတီကို အစိုးရက ထောက်ပ့ံမည်

စွန့်ဦးတီထွင်လူငယ်များအတွက် Innovation Center ကော်မတီကို အစိုးရက ထောက်ပ့ံမည်
ဓာတ်ပုံ - သက်ကို

 

ရန်ကုန် ဇန်နဝါရီ ၉ ။                      ။ လူငယ်များဖွံ့ဖြိုးတိုးတက်စေဖို့ Enterpreneurship Ecosystem (စွန့်ဦးစီးပွားရေးလုပ်ငန်းစနစ်) ပေါ်ထွက်စေရန်၊ Socieoeconomic (လူမှုစီးပွားရေး) တစ်ခုပေါ်ပေါက်လာစေရန်တို့အတွက် အစိုးရပိုင်းမှ ပံ့ပိုးမြှင့်တင်ပေးနိုင်ရန် ရန်ကုန် Innovation Center ကော်မတီကို အခွင့်အာဏာပေးအပ်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနော်ပန်းသဥ္ဇာမျိုးက ယနေ့ဇန်နဝါရီ၉ရက်နေ့ Innovation Center မိတ်ဆက်ပွဲ၌ ပြောခဲ့သည်။

Innovation Center အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဘဏ္ဍာရေးကိစ္စရပ်များပွင့်လင်းမြင်သာမှုရှိစေရေး Trustee ကော်မတီဖွဲ့   ဆောင်ရွက်မည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်နှင့်ဆောက်လုပ်ရေးဝန်ကြီးဒေါ်နီလာကျော်က အစိုးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးက လိုအပ်သည့်အပိုင်းများအားလုံးတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

၄င်းကော်မတီတွင် တာဝန်(၆)ရပ်ရှိကာ မြန်မာတစ်နိုင်ငံလုံးမှလူငယ်များကို ထိတွေ့ချိတ်ဆက်ပေးရန်၊ စွန့်ဦးတီထွင်မှုများ သစ်လွင်ဖန်တီမှုများဖြစ်စေမည့် ဒီဇိုင်းများ၊ ကိရိယာများကိုတပ်ဆင်ထားရှိပေးရန်၊ လူငယ်များအတွက် ကျောင်းများ၊ တက္ကသိုလ်များ၊ လုပ်ငန်းခွင်များ၊ အစိုးရများနှင့် ကွန်ရက်ချိတ်ဆက်နိုင်ရန်ဆောင်ရွက်ပေးရန်၊ Innovation(ဆန်းသစ်တီထွင်မှု)နှင့် Eneterpreneurship(စွန့်ဦးတီထွင်မှု) များကို နိုင်ငံတကာရှိ စွန့်ဦးလုပ်ငန်းများနှင့် ထိတွေ့ချိတ်ဆက်ပေးရန်၊ ရန်ကုန်၏ ဝိသေသပေါ်ပေါက်ရေးအတွက် ဖော်ဆောင်ပေးရန်၊ Innovation Centerမှ နည်းပညာများနှင့် အကြံဉာဏ်များကို အစိုးရထံပေးနိုင်ရန် စသည့်အချက်များပါဝင်နေသည်။

ပညာရှင်အနေဖြင့် ဒေါက်တာထွန်းသူရသက်နှင့် ဦးနေအောင် စသည့် စီးပွားရေးလုပ်ငန်းရှင်များ Trustee ကော်မတီတွင်ပါဝင်မည်ဖြစ်သည်။

Trustee ကော်မတီအားထောက်ပံ့ပေးရန် Social Enterprise တစ်ခုလည်းရှိမည်ဖြစ်သည်။

“ကျွန်မတို့နိုင်ငံမှာ အားနည်းတာက Network(ကွန်ရက်)ချိတ်ဆက်မှုအားနည်းပါတယ် University(တက္ကသိုလ်)နဲ့ ကျောင်းကထုတ်လိုက်တဲ့ကျောင်းသားတွေနဲ့ Industrial(လုပ်ငန်းခွင်)နဲ့ ချိတ်ဆက်မှုအားနည်းသလို အစိုးရတစ်ရပ်နဲ့လူငယ်တွေနဲ့ချိတ်ဆက်မှုအားနည်းနေတာတွေလည်းရှိပါတယ်၊ ဒါကြောင့်မို့ Integration(ပေါင်းစည်းခြင်း)လုပ်ဖို့အတွက် ရန်ကုန် Innovation Centerကို တတိယမြောက်တာဝန်တစ်ရပ်အနေနဲ့သတ်မှတ်ပါတယ်”ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးကပြောသည်။

Phase One(ပထမအဆင့်) အကောင်အထည်ဖော်ရန်အတွက် တင်ဒါခေါ်ယူသွားမည်ဖြစ်ပြီး Innovation Centerတွင် ဆက်သွယ်ရေးအော်ပရေတာတစ်ဦးတည်း သုံးနှစ်စာချုပ်ဖြင့် ရင်းနှီးမြုပ်နှံလုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အော်ပရေတာများကို စွန့်ဦးလုပ်ငန်းပျိုးထောင်ပေးနိုင်မှု၊ တက္ကသိုလ်မှကျောင်းသားများအတွက် ပြိုင်ပွဲများပြုလုပ်ပေးနိုင်မှု၊ နည်းပညာကုမ္ပဏီများကိုပါဝင်စေမှု၊ နိုင်ငံတကာစွန့်ဦးလုပ်ငန်းများနှင့်ချိတ်ဆက်ပေးနိုင်မှု အစရှိသည့် အချက်များဖြင့်ရွေးချယ်သွားမည်ဖြစ်သည်။

တင်ဒါရွေးချယ်မှုများကို မတ်လ ပထမပတ်အတွင်းလူတွေ့စစ်ဆေးကာ ဒုတိယပတ်တွင်ရွေးချယ်ခံရသည့်အော်ပရေတာကို ကြေငြာမည်ဖြစ်သည်။

Yangon Innovation Center ဖြစ်လာဖို့အတွက် တာဝန်နှင့်ဝတ္တရားများသတ်မှတ်ခြင်းကို ယခင်နှစ်၂၀၁၇ခုနှစ်ကတည်း စတင်ဆောင်ရွက်နေခြင်းဖြစ်သည်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required