ပရိသတ်များကပေးသည့် ဒီဇင်ဘာလ အကောင်းဆုံးဆုကို ဆာလက်ရရှိ

ပရိသတ်များကပေးသည့် ဒီဇင်ဘာလ အကောင်းဆုံးဆုကို ဆာလက်ရရှိ

 

ဇန်နဝါရီ ၉၊ အင်္ဂလန် ။            ။ ပရီးမီးယားလိဂ်ပရိသတ်များအစည်းအရုံးမှ ပေးအပ်သည့် ဒီဇင်ဘာလအတွက်အကောင်းဆုံးဘောလုံးသမားဆု(PFA Fans’ Player of the Month for December)ဆုကို လီဗာပူးလ်တိုက်စစ်မှူး ဆာလက်က ရရှိသွားခဲ့သည်။

ဆာလက်သည် လီဗာပူးလ်အသင်းဖော်ဟောင်း ကော်တင်ဟို၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းတို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့ခြင်း ဖြစ်သည်။

ဆာလက်သည် ဒီဇင်ဘာလအတွင်း လီဗာပူးလ်အသင်းအတွက် ၅ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးပေးခဲ့သည်။ ထို့ကြောင့် ပရိသတ်များက ဆာလက်ကို ၅၀ ရာခိုင်နှုန်းအထိ မဲပေးခဲ့ကြသည်။

ဆာလက်သည် ဘီဘီစီမှ ပေးအပ်သည့် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ အာရတ်အားကစားကလောင်ရှင်များကရွေးချယ်သည့် အာရတ်အကောင်းဆုံးဘောလုံးသမားဆု၊ အာဖရိကဘောလုံးအဖွဲ့ချုပ်မှပေးအပ်သည့် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုများကိုလည်း ရရှိခဲ့ပြီး ဆုများ ဆက်တိုက်ရရှိနေခြင်းဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required