အင်္ဂလိပ်ရော့ခ်ဂီတအဖွဲ့ Radiohead သည် သူတို့၏ သီချင်းတစ်ပုဒ်ဖြစ်သော Creep ကို သူမကကူးချထားခဲ့ သည်ဟု စွပ်စွဲပြောဆိုကာ သူမကို တရားစွဲဆိုထားကြောင်း ပေါ့ပ်ကြယ်ပွင့် အဆိုတော်မလေး လာနာဒယ်ရေး က ဖွင့်ဟပြောဆိုခဲ့သည်။
လာနာဒယ်ရေး၏ Lust For Life စတူဒီယိုအယ်လ်ဘမ်ထဲမှ Get Free ဆိုသောသီချင်းသည် သူတို့အဖွဲ့၏ သီချင်းတစ်ပုဒ်ကို ကူးချထားခြင်းဖြစ်သည်ဟု စွပ်စွဲကာ တရားစွဲဆိုရန် Radiohead တီးဝိုင်းက ကြိုးပမ်းနေခဲ့ ခြင်းဖြစ်သည်။
အဆိုပါသတင်းကို လာနာဒယ်ရေးက သူမ၏တွစ်တာမှတဆင့် အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး “တရားစွဲဆိုခံထားရ တယ်ဆိုတဲ့ သတင်းက အမှန်ပါပဲ” ဟု ပြောဆိုခဲ့သည်။
လာနာဒယ်ရေးက သူမသည် ထိုတီးဝိုင်းအဖွဲ့အား မူခိုင်ခ၏ ၄၀ ရာခိုင်နှုန်းခန့်ကို ပေးချေမည်ဟု ကမ်းလှမ်းထား သော်လည်း သူတို့၏ မသက်ညှာတတ်သော ရှေ့နေများက ၁၀၀ ရာခိုင်နှုန်းအထိ လိုချင်နေကြောင်း ပြောဆိုခဲ့ သည်။
“ကျမရဲ့သီချင်းဟာ Creep ဆိုတဲ့သီချင်းကို မှီငြမ်းထားတာမဟုတ်မှန်း ကျမသိပေမယ့် Radiohead အဖွဲ့က တော့ မူပိုင်ကြေး ၁၀၀ ရာခိုင်နှုန်းခန့်ကို အပြည့်အဝလိုချင်နေပါတယ်” ဟု သူမက ဆိုခဲ့သည်။
ဆက်လက်ပြီး “ပြီးခဲ့တဲ့လတွေတုန်းက ကျမဘက်ကနေ ၄၀ ရာခိုင်နှုန်းပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ၁၀၀ ရာခိုင်နှုန်းပေးမှ လက်ခံမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ သူတို့ရဲ့ ရှေ့နေတွေဟာ အကြင်နာ တရားကင်းမဲ့ကြပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပက်သက်ပြီး တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းသွားပါမယ်” ဟု သူမက ပရိသတ်များကို အသိပေးခဲ့သည်။
Ref: BBC