ခရုပန်းချီပြပွဲ မန္တလေးတောင် ပန်းချီပြခန်းတွင်ပြုလုပ်

ခရုပန်းချီပြပွဲ မန္တလေးတောင် ပန်းချီပြခန်းတွင်ပြုလုပ်

မန္တလေး၊ဇန်နဝါရီ ၉ ။          ။ "ခရုလေးများနှင့်ကခုန်ခြင်း"အမည်ဖြင့် ခရုပန်းချီပြပွဲကို ဇန်နဝါရီ ၉ ရက်၊နံနက် ၉ နာရီမှစတင်၍ မန္တလေးတောင်ခြေပန်းချီပြခန်းတွင် ၃ ရက်ကြာပြသသွားမည်ဟု ပြပွဲစီစဉ်သူ စာရေးဆရာ လွတ်လပ်ငြိမ်းကပြောသည်။

မြန်မာ့ပင်လယ်ကမ်းရိုးတန်းမှ ခရုလေးများဖြင့် မြန်မာ့ပန်းချီ အနုပညာကို ကမ္ဘာသို့ချပြရန် ရည်ရွယ်၍ ယခုပြပွဲကို စီစဉ်ရခြင်းဖြစ်သည်ဟု စာရေးဆရာ လွတ်လပ်ငြိမ်းကဆိုသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပန်းဆယ်မျိုး ထွန်းကားတာဖြစ်တဲ့အတွက်ကြောင့် မန္တလာမြေက အနုပညာခံစားမှုပြည်သူများကိုပန်းချီးကားတွေ ခံစားစေချင်တဲ့အတွက်ကြောင့် ဒီပန်းချီပြပွဲကို စီစဉ်ရခြင်းဖြစ်ပါတယ်"ဟုသူကပြောသည်။

ခရုပန်းချီဆရာ ဦးလုံးက" ခရုပန်းချီးလုပ်ငန်းကို ၂၀၁၅ခုနှစ်ကစတင်လုပ်ခဲ့ပါတယ်။ ခရုလေးတွေနဲ့ရေးဆွဲဖန်တီးပြီးတော့ ကြိုးစားထားပါတယ်။ဒေသအတွက်၊ ဒေသခံလူငယ်တွေအတွက် လုပ်ငန်းခွင် အလုပ်အကိုင်တစ်ခုပေါ်လာနိုင်သလို ပန်းချီလောကမှာလဲ ဒါဟာ ကဏ္ဍတစ်ခုဖြစ်လာနိုင်တယ်လို့ မြင်လို့လုပ်ခဲ့ပါတယ်"ဟုပြောသည်။

ခရုပန်းချီဆရာဦးလုံးအနေဖြင့် ခရုပန်းချီဝါသနာပါသည့် လူငယ်များကိုလည်း သင်ကြားပေးလျှက်ရှိနေပြီး ဆက်လက်၍ သင်ကြားပေးရန်အတွက်လည်း စီစဉ်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required