ဦးရွှေမန်း ဇေယျာသီရိကို ပစ်ပယ်ခြင်း မဟုတ်ဟုဆို

ဦးရွှေမန်း ဇေယျာသီရိကို ပစ်ပယ်ခြင်း မဟုတ်ဟုဆို

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ၎င်းရဲ့ မွေးရပ် ဇာတိဖြစ်သည့် ဖြူးမြို့နယ်မှ အမတ်လောင်းအဖြစ် ဝင်ရောက်၍ အရွေးခံခြင်းသည်ဇေယျာသီရိမြို့နယ်ကို ပစ်ပယ်သွားတာမဟုတ်ကြောင်း သြဂုတ် ၂၁ ရက်က ပြောဆိုလိုက်သည်။ ဇေယျာသီရိမြို့နယ် စိမ်စားပင်ကျေးရွာရှိ အောင်မြေရတနာစိမ်းစားပင်ကျောင်းတိုက်တွင် သြဂုတ် ၂၁ရက်က ကျင်းပသည့် မဲဆန္ဒရှင်များနှင့် တွေ့ ဆုံပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။ ဇေယျာသီရိမြို့ နယ်သည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ဦးရွှေမန်းအနိုင်ရခဲ့သည့် မဲဆန္ဒနယ်ဖြစ် သည်။ သူရဦးရွှမန်းက `` မွေးဇာတိဒေသကို အခြေခံ အရွေးခံပြီး ဇေယျာသီရိ မြို့နယ်အပါဝင် တနိုင်ငံလုံး အကျိုးစီးပွားအတွက် ကျွန်တော်တတ်နိုင်တဲ့ဘက်က ကြိုးစားဆောင်ရွက်မှာ´´ ဟု ပြောသည်။ ယခု လာရောက်ခြင်းသည် မဲဆန္ဒရှင်များအား နှုတ်ဆက်ရန် လာတာမဟုတ်ကြောင်းနှင့် လွှတ်တော်သက်တမ်းကုန်ဆုံးပြီးနောက်တွင်လည်း နှုတ်ဆက်စရာမလိုကြောင်း ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly