သင့်ရဲ့ပင်ကိုယ်ဆွဲဆောင်မှု မပျက်စေဘဲ သဘာဝဆန်ဆန် ပေါ်လွင်မယ့် ဓာတ်ပုံ ဘယ်လိုဖန်တီးမလဲ

.

 

 
ဓာတ်ပုံတစ်ပုံရဲ့အဓိပ္ပာယ်ဆိုတာ လူတစ်ယောက်ရဲ့ အမှတ်တရတွေကို ကိုယ်စားပြုပေးနေတယ်ဆိုရင် သူငယ်ချင်းတို့ထဲက ဘယ်နှယောက်လောက် သဘောတူကြမလဲ။ ဓာတ်ပုံတစ်ပုံဟာ လူတစ်ယောက်ရဲ့ ခံစားချက်တွေကို လှစ်ဟပြပေးနိုင်သလို ကိုယ့်ရဲ့ အမှတ်တရတွေကိုလည်း ဖော်ညွှန်းပေးနိုင်ပါတယ်။

ခရီးသွားဆန်ဆန် သဘာဝရှုခင်းတွေကို နောက်ခံထားကာ  နေရာဒေသတွေရဲ့ ဗဟုသုတတန်ဖိုးတွေလည်း ဓာတ်ပုံတွေက ပေးစွမ်းနိုင်ဦးမှာ ဖြစ်ပါတယ်။ ကိုယ့်ဘဝခရီးလမ်း တစ်လျှောက်မှာ ဘယ်တော့မှ ရိုးအိမသွားနိုင်တဲ့ အချစ်ရဆုံးတွေနဲ့ အတူရှိခဲ့တဲ့ အမှတ်တရတွေကိုလည်း ဓာတ်ပုံတွေက အလှပဆုံး ပုံဖော်မှတ်တမ်းတင် ပေးနိုင်မယ် ဆိုတဲ့အချက်ကိုလည်း သူငယ်ချင်း တို့တွေအားလုံး လက်ခံကြမယ်ထင်ပါတယ်။

ဒါဆိုရင် ဓာတ်ပုံတစ်ပုံဆိုတာ ပဉ္စလက်အစွမ်းတွေနဲ့ လူတိုင်းရဲ့ဘဝတွေကို ခံစားချက်အသွယ်သွယ်နဲ့ ရောင်ပြန်ဟပ်ဆေး ရောင်ခြယ် ပေးနေတယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။ ပြောင်းလဲ ဆန်းသစ်လာတဲ့ ခေတ်ရေစီးကြောင်းမှာ မိုဘိုင်းဖုန်း တွေကနေတစ်ဆင့် ဓာတ်ပုံရိုက်ကူးမှုတွေဟာ ထိပ်ပိုင်းနေရာ ကိုရောက်ရှိလို့လာခဲ့ပါပြီ။ ဒါဆိုရင် ပင်ကိုယ်ဆွဲဆောင်မှုကိုလည်း မပျေက်စေသလို သဘာဝဆန်တဲ့အသွင်မျိုးကိုလည်း အပြည့်အဝပေးစွမ်းစေဖို့အတွက် A.I. Beauty Technology က ဘယ်လို ဆက်စပ်ကူညီပေးနိုင်မလဲ။

A.I. Beauty Technology ဆိုတာ ထူးခြားဆန်းသစ်တဲ့ စမတ်ဖုန်းဓာတ်ပုံဆိုင်ရာ နည်းပညာတစ်ရပ်ဖြစ်ပြီး လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ မျက်နှာပေါ်က နဖူး၊ မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ နှုတ်ခမ်း၊ မေးရိုး အစရှိတဲ့သွင်ပြင်လက္ခဏာရပ် ၂ဝဝ ကျော်ကို သေချာကျနစွာ မှတ်သားပြီး အပြေပြစ်ဆုံးဖြစ်စေမယ့် Selfie ဓာတ်ပုံမျိုးကို ဖန်တီးပုံဖော်ပေးနိုင်ပါတယ်။

ဒါ့အပြင် Gender ကိုကြည့်မယ်ဆိုရင်လည်း အမျိုးသားလား၊ အမျိုးသမီးလား၊ Age အပိုင်းမှာလည်း လူငယ်လား၊ လူလတ်လား၊ နောက်တစ်ခါ Skin tone မှာလည်း အသားညိုတဲ့သူလား၊ အသားဝါတဲ့သူလား၊ အသားဖြူတဲ့သူလား၊ နောက်ဆုံးအနေနဲ့ Skin type အတွက်လည်း အမျိုးသားဆိုရင် တင်းတင်းရင်းရင်းရှိတဲ့ အသားအရေမျိုး၊ အမျိုးသမီးဆိုရင်လည်း နုညံ့ပျော့ပျောင်းတဲ့ အသားအရေမျိုး ရှိသလားဆိုတာတွေ အားလုံးကို သေချာတွက်ချက်ပြီး ပရောဖက်ရှင်နယ်ဓာတ်ပုံပညာရှင်နဲ့ အလှဖန်တီးရှင်တို့က ပေါင်းစပ် ပုံဖော်ပေးလိုက်သမျိုး ဓာတ်ပုံမျိုးတွေကို ရရှိစေမှာဖြစ်ပါတယ်။

OPPO F5 Youth မှာရော OPPO F5 မှာပါ ဒီ A.I. Beauty Technology တွေ ပါဝင်ထားပြီးဖြစ်လို့ ဘယ်တော့မှ ရိုးအိမသွားနိုင်မယ့်Selfie ပုံတွေကို အချိန်တိုင်း ဖန်တီးရယူနိုင်မှာဖြစ်ပါတယ်။ OPPO F5 Youth မှာတော့ 16MP ရှေ့ကင်မရာ၊ 13MP နောက်ကင်မရာတို့ပါဝင်ပြီး RAM ကတော့ 3GB ရှိပါတယ်။ OPPO F5 အတွက်ဆိုရင်တော့ ပိုကောင်းတဲ့ 20MP ရှေ့ကင်မရာနဲ့အတူ 16MP နောက်ကင်မရာတို့ အသုံးပြုပေးထားပြီး RAM မှာတော့ 4GB အထိတိုးမြင့်ပေးထားပါတယ်။

သူငယ်ချင်းတို့ရဲ့ OPPO F5 Youth နဲ့ OPPO F5 တို့ကို အသုံးပြုရတဲ့ အတွေ့အကြုံလေးကိုလည်း ဝေမျှပေးသွားလို့ရသလို ဘဝအတွက် အဓိပ္ပာယ် အရှိဆုံးဓာတ်ပုံတွေကို ဖန်တီးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။