ကော်တင်ဟို ပေါင်ဒဏ်ရာရှိကြောင်း ဘာစီလိုနာ အတည်ပြု၊ နူးကမ့်မှာ ပရိသတ်များနှင့် မိတ်ဆက်ပွဲပြုလုပ်

ကော်တင်ဟို ပေါင်ဒဏ်ရာရှိကြောင်း ဘာစီလိုနာ အတည်ပြု၊ နူးကမ့်မှာ ပရိသတ်များနှင့် မိတ်ဆက်ပွဲပြုလုပ်
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာရဲ့ မကြာသေးခင်က ခေါ်ယူထားတဲ့ ဘရာဇီးကွင်းလယ်ကစားသမား ဖိလစ် ကော်တင်ဟိုဟာ တနင်္လာနေ့က ဆေးစစ်ချက်များအရ ညာဘက်ပေါင်မှာ ဒဏ်ရာပြဿနာရှိနေတယ်လို့ အဖြေထွက်ခဲ့ပြီး ကစားသမားအနေနဲ့ သုံးပတ်ခန့် အနားယူရမယ်လို့ သိရပါတယ်။

ကော်တင်ဟိုဟာ မကြာသေးမီက လီဗာပူးလ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် တနင်္လာနေ့က နူးကမ်ကွင်းမှာ ပရိသတ်များနဲ့ မိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။

“ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ကျနော်အမြဲတမ်းပြောဆိုခဲ့တာက  ကျနော်ဟာ အိမ်မက်တစ်ခုနဲ့ ရှင်သန်နေတယ်။ ကျနော်တို့ဟာ ဒီမှာ(ဘာစီလိုနာ) ရှိနေတဲ့အတွက် အလွန်ပျော်ရွှင်ပါတယ်။”လို့ ဘရာဇီးကစားသမားက ဘာစီလိုနာကို ရောက်ရှိရာမှာ ပြောကြားခဲ့ပါတယ်။

ကော်တင်ဟိုဟာ ပေါင်ဒဏ်ရာကြောင့် လီဗာပူးလ်အသင်းမှာ သူ့ရဲ့ နောက်ဆုံးပွဲစဉ်အနည်းငယ်ကို ကစားပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ကော်တင်ဟိုဟာ တနင်္လာနေ့က ဘာစီလိုနာရဲ့ နူးကမ့်ကွင်းမှာ ၎င်းရဲ့ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းရဲ့ဂျာစီအကျင်္ီ၊ ကလပ် ဥက္ကဋ္ဌ ဘာတိုမူ တို့နဲ့အတူတွဲပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။

ဘာတိုမူက ကော်တင်ဟိုကို ဘာစီလိုနာအသင်းအနေနဲ့ ခေါ်ယူနိုင်ဖို့ လာများစွာ ကြိုးပမ်းခဲ့ရကြောင်းကို ပြောဆိုသွားပါတယ်။

“ကျနော်တို့ ပြီးခဲ့တဲ့ နွေရာသီတုန်းက သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ တစ်ချိန်ချိန်မှာ သူ ဒီကိုလာရောက်ဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့ သိထားပါတယ်။”လို့ ဘာတိုမူက ပြောပါတယ်။

“ကော်တင်ဟိုက ဒီကို လာချင်ခဲ့ပါတယ်။ ဒါက သူ့ရဲ့ ရည်မှန်းချက်ထဲက တစ်ခုဖြစ်ပါတယ်။ သူ့ဆန္ဒ၊ သူ့ကြိုးစားအားထုတ်မှုနှင့် သူ့သည်းခံမှုဟာ ဒီကနေ့ ဒီနေရာမှာ ရှိနေဖို့ အဆုံးအဖြတ်ဖြစ်ခဲ့ပါတယ်။ သူ့ကို ခေါ်ယူလိုတဲ့ အသင်းတွေ ရှိနေလို့ပဲဖြစ်ပါတယ်။”လို့ ဘာတိုမူက ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အသက် ၂၅ နှစ်အရွယ် ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် လီဗာပူးလ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီးလို့ စနေနေ့က ကြေညာခဲ့ပြီး ကော်တင်ဟိုကို ၂၀၁၇-၂၀၁၈ ရာသီမှအစ နောက်ထပ် ၅ နှစ်အထိ ခေါ်ယူစာချုပ်ခဲ့ပါတယ်။

လက်ရှိ လာလီဂါအမှတ်ဇယား ဦးဆောင်သူနှင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်ထားတဲ့ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုရဲ့ စာချုပ်မှာ ယူရိုသန်း ၄၀၀ တန် စာချုပ်ဖျက်သိမ်းကြေးကိုပါ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

ကလပ်အသင်းက စာချုပ်အချက်အလက် အသေးစိတ် မဖော်ပြခဲ့ပေမယ့် ဗြိတိန်မီဒီယာများက ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုက ရရှိဖို့အတွက် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၂၀ ပေးရတဲ့အပြင် အခြားအစိတ်အပိုင်းအနေဖြင့် ယူရိုသန်း ၄၀ အထိ ကုန်ကျခဲ့တယ်လို့ ဖော်ပြကြပါတယ်။

ဒါက ကောင်တင်ဟိုကို ဘာစီလိုနာအသင်းရဲ့ သမိုင်းကြောင်းတစ်လျှောက် ပြောင်းရွှေးကြေး စျေးအကြီးဆုံးကစားသမားဖြစ်စေပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required