ဓာတ်အားဖြန့်ဖြူးရေးရုံကို မိုးကြိုးပစ်ခံရာမှ ဂူဂဲလ်၏ အချက်အလက် များပျောက်ဆုံးခဲ့

ဓာတ်အားဖြန့်ဖြူးရေးရုံကို မိုးကြိုးပစ်ခံရာမှ ဂူဂဲလ်၏ အချက်အလက် များပျောက်ဆုံးခဲ့

ဘယ်ဂျီယမ်တွင် ဓာတ်အားဖြန့်ဖြူးရေးရုံကို မိုးကြိုးလေးကြိမ်ပစ်ချရာမှ အဝေးတစ်နေရာတွင်ရှိသည့်  ဂူဂဲလ်အချက်အလက်စင်တာတစ်ခုမှ အချက်အလက်များ ပျောက်ဆုံးသွားခဲ့ကြောင်း ဂူဂဲလ်ကပြော သည်။

ဂူဂဲလ် အချက်အလက်စင်တာ ဒစ်ပြားများမှ တစ်ချို့သော အချက်အလက်ဖိုင်များမှာ လုံးလုံး ပျောက်ဆုံးခဲ့ရခြင်းဖြစ်သည်။ ဂူဂဲလ်အဆောက်အအုံကို မိုးကြိုးက တိုက်ရိုက်ထိမှန်ခြင်း မဟုတ်ဘဲဒေသဓာတ် အားပေးရုံကို ထိမှန်ခြင်းဖြစ်သည်ဟု ဂူဂဲလ်က ပြောသည်။

 ဖိုင်တော်တော်များများချို့ယွင်းမှုဖြစ်ကာ အချက်အလက်များစွာ ပျောက်ဆုံးခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် တစ်ချို့သော ပျောက်ဆုံးအချက်အလက်များကို ပြန်လည်ရရှိသည်။ ကျန်ရှိသည့် အချက် အလက်များက လုံးလုံးပျောက်ဆုံးသွားခြင်းဖြစ်သော်လည်း နောက်ပိုင်းပြန်လည်ရရှိမည်ဟု မျှော်လင့်ရသည်။

မိုးကြိုးက ဓာတ်အားပေးရုံကို ပစ်ချထိမှန်ခြင်းဖြစ်သော်လည်း အဝေးမှာရှိနေသည့် အဆောက်အအုံကိုလည်း ပါဝါလိုင်းများ၊ ဆက်သွယ်ရေးလိုင်းများမှ ရိုက်ခတ်မှုဖြစ်စေနိုင်ပြီး ချို့ယွင်းပျက်စီး မှုဖြစ်စေနိုင်ခြင်းဖြစ်ကြောင်း မိုးကြိုးကာကွယ်ရေးဌာန စီမံကိန်းမန်နေဂျာ ဂျက်စတင်းဂါလီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly