HUAWEI ၏ နှစ်ပတ်လည် Media Thank You Party ၌ HUAWEI nova 2i အပြာရောင်ကို မိတ်ဆက်

HUAWEI ၏ နှစ်ပတ်လည် Media Thank You Party ၌ HUAWEI nova 2i အပြာရောင်ကို မိတ်ဆက်

Huawei Device Myanmar မှ Huawei Annual Media Thank You Party ကို ဒီဇင်ဘာလ ၁၃ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပြီး အခမ်းအနား၌ HUAWEI nova 2i ၏ အရောင်သစ်ဖြစ်သော အပြာရောင်ကိုလည်း မိတ်ဆက်ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံစျေးကွက်အတွင်း ရောင်းအားစံချိန်သစ်တင်နိုင်ခဲ့သည့် HUAWEI nova 2i အရောင်သစ်ဖြစ်သည့် အပြာရောင်ကို ဒီဇင်ဘာလ ၁၄ ရက်က  စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း Huawei Device Myanmar က သတင်းထုတ် ပြန်ထားသည်။

၂၀၁၇  နိုဝင်ဘာလ ၁၀ ရက်က HUAWEI nova 2i ၏ အနက်ရောင်နှင့် ရွှေရောင်ကို  စတင်ရောင်းချခဲ့ရာ ရောင်းအား စံချိန် သစ်တင်နိုင်ခဲ့ပြီး  ဒီဇင်ဘာ ၁၃ ရက်က Huawei Annual Media Thank You Party ကို ကျင်းပခဲ့ကာ HUAWEI nova 2i  အပြာရောင်ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

Huawei Device Myanmar ၏ Marketing Director ဖြစ်သူ မခင်ရတနာဝင်းက "သုံးစွဲသူတွေရဲ့ တောင်းဆိုချက်အရ HUAWEI nova 2i အပြာရောင်ကို ၁၄ရက်နေ့ကစပြီး စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့လည်း သင့်တော်တဲ့စျေးနှုန်းနဲ့ နည်းပညာမြင့်စမတ်ဖုန်းတွေကို အသုံးပြုနိုင်ဖို့အတွက် Huawei က ဆက်လက်လုပ်ဆောင်သွား မှာဖြစ်ပါတယ်" ဟု ဆိုသည်။

လက်ရှိ  မြန်မာနိုင်ငံစျေးကွက်အတွင်း HUAWEI nova 2i ကို (၃၃၉၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင် မည်ဖြစ်ပြီး အရောင် အနေဖြင့် အနက်ရောင်၊ ရွှေရောင် အပြင် ယခုအခါ အပြာရောင်တို့ကို ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

HUAWEI nova 2i ဝယ်ယူသူများအနေဖြင့် HUAWEI powerbank 5000mAh ကိုလက်ဆောင် အနေဖြင့် ရရှိနိုင်မည့် အပြင်  MPTသုံးစွဲသူများအနေဖြင့် လစဉ် ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်ရုံဖြင့် အင်တာနက်အသုံးပြုရန် ၃၀၀၀ ကျပ် ကို ၁၂ လတိုင်တိုင်ရရှိနိုင််မည် ဖြစ်သည်။HUAWEI nova 2i စမတ်ဖုန်းသည် Selfie ရိုက်ရာတွင်ဖြစ်စေ၊ ပုံရိပ်များကို ပုံဖော်ရာတွင်ဖြစ်စေ၊ လူမှုကွန် ယက်များကို အသုံးပြုရာတွင်ဖြစ်စေ သုံးစွဲသူများ၏ လိုအပ်ချက်ဖြစ်သော မျက်နှာပြင်ပြည့် HUAWEI FullView Diplay ဖြင့် အသစ် ထပ်မံပုံဖော်ထားကြောင်း သိရသည်။Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် Huawei Consumer Business Group က  ဆောင်ရွက်လျက်ရှိပြီး  ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံက သုံးစွဲလျက်ရှိရာ ၂၀၁၅ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု၌ တတိယ နေရာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။၂၀၁၇ ခုနှစ်အတွင်း Huawei သည်  Brand Z ၏ ကမ္ဘာ့တန်ဖိုးအရှိဆုံးအမှတ်တံဆိပ် ၁၀၀ တွင် အဆင့် ၄၉ ၊ Forbes မဂ္ဂဇင်း၏ ကမ္ဘာ့တန်ဖိုးအရှိဆုံးအမှတ်တံဆိပ်များတွင် အဆင့် ၈၈ ၊ Brand Finance ၏ ကမ္ဘာ့တန်ဖိုး အရှိဆုံး အမှတ် တံဆိပ် ၅၀၀ စာရင်းတွင် အဆင့် ၄၀၊ Interbrand ၏ ကမ္ဘာ့အကောင်းဆုံး အမှတ်တံဆိပ် ၁၀၀ တွင် အဆင့် ရ၀ နေရာ များကို ရရှိထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly