မလေးရှား ခေါင်းဆောင်ဟောင်း မဟာသီကို ၀န်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် အတိုက်အခံဘက်က ရွေးချယ်ထား

မလေးရှား ခေါင်းဆောင်ဟောင်း မဟာသီကို ၀န်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် အတိုက်အခံဘက်က ရွေးချယ်ထား

ဇန်နဝါရီ ၈ ။           ။ အသက် ၉၂ နှစ်ရှိပြီ ဖြစ်တဲ့ မလေးရှား သက်တော်ရှည် ၀န်ကြီးချုပ်ဟောင်း မဟာသီ မိုဟာမက်ဟာ ယခုအခါ နိုင်ငံကို နောက်တစ်ကြိမ် ပြန်လည်ဦးဆောင်ခွင့် ရနိုင်ဖို့ ကြိုးပမ်းလာနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ကြိမ်မှာတော့ အတိုက်အခံ အုပ်စုရဲ့ ဦးဆောင်သူအနေနဲ့ ကြိုးပမ်းလာတာဖြစ်ပါတယ်။

တစ်ချိန်တုန်းက နိုင်ငံကို ကာလကြာအုပ်ချုပ်ခဲ့တဲ့ မဟာသီကို ပြီးခဲ့တဲ့ ဇန်နဝါရီ ရ ရက်ကပဲ အတိုက်အခံ ညွန့်ပေါင်းအုပ်စုက ၀န်ကြီးချုပ်လောင်းလျာအဖြစ် ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

ယခုလက်ရှိကာလမှာ နိုင်ငံမှာ အာဏာရ နာဂျစ်အစိုးရအနေနဲ့လည်း ကြီးမားလှတဲ့ ဘဏ္ဍာရေးခြစားမှု မကောင်းသတင်းတွေနဲ့ လုံးပန်းနေရတဲ့အခြေအနေမှာ အတိုက်အခံ ညွန့်ပေါင်းအုပ်စုဘက်က အခွင့်အရေးရယူဖို့ မျှော်မှန်းလုပ်ဆောင်လာနေတာလည်းဖြစ်ပါတယ်။

အကယ်၍ လာမယ့် သြဂုတ်လမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာသာ အတိုက်အခံညွှန့်ပေါင်းအုပ်စု ထောက်ခံထားတဲ့ မဟာသီ အနိုင်ရခဲ့မယ်ဆိုရင် ၎င်းအနေနဲ့ ကမ္ဘာ့ အသက်အကြီးဆုံး နိုင်ငံခေါင်းဆောင်လည်း ဖြစ်လာဖို့ ရှိနေပါတယ်။ သို့ပေမယ့်လည်း ယင်းအနေအထားဟာ ဖြစ်နိုင်ခြေ အလွန်နည်းပါးနေတယ်လို့လည်း အကဲဖြတ်တွေက ပြောပါတယ်။

မလေးရှားနိုင်ငံကို ၂၀၀၃ ခုနှစ်အထိ ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ မဟာသီဟာဆိုရင် ယင်းနိုင်ငံရဲ့ သက်တော်ရှည်ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ ၎င်းလက်ထက် ၁၉၈၇ ခုနှစ်တုန်းက လုံခြံုရေးအကြောင်းပြချက်နဲ့ အတိုက်အခံ ပါတီအဖွဲ့ဝင်တွေကို ထောင်သွင်းအကျဉ်းချထားခဲ့ဖူးသူလည်း  ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly