လိင်သားကောင်များအတွက် ရပ်တည်မှု ပြယုဂ်အဖြစ် အနက်ရောင် လွှမ်းသွားတဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲ

လိင်သားကောင်များအတွက် ရပ်တည်မှု ပြယုဂ်အဖြစ် အနက်ရောင် လွှမ်းသွားတဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲ

ကယ်လီဖိုးနီးယား၊ ဇန်နဝါရီ ၈ ။            ။ ရွှေကမ္ဘာလုံးဆုပေးပွဲတွေမှာဆိုရင် ကော်ဇောနီခင်းလမ်းတစ်လျှောက် အရောင်စုံအသွေးအဆင်စုံ ၀တ်ဆင်ကြတဲ့ အောင်မြင်ကျော်ကြားသူတွေရဲ့ အလှသွေးကြွယ်ဒီဇိုင်းအဆင်အပြင်တွေ လွှမ်းခြံုနေကြပါတယ်။

ဒါပေမယ့် ခုနှစ်မှာတော့ ကော်ဇောနီခင်းလမ်းပေါ် ဖြတ်လျှောက်လာက တစ်ရောင်းတည်း၊ အနက်ရောင်တစ်ရောင်တည်း လွှမ်းခြံုနေပါတော့တယ်။

ဟောလီးဝုဒ်ရဲ့ ထိပ်သီးငွေကြယ်ပွင့်တွေဟာ ရုပ်ရှင်သရုပ်ဆောင် အနုပညာနယ်ပယ်အပြင် အခြားနယ်ပယ်တွေက လိင်စော်ကားမှုတွေကို လူတွေ အာရုံစိုက်လာဖို့ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲကို အနက်ရောင်အဝတ်အစားတွေ ၀တ်ဆင်လို့တာ တက်ရောက်လာကြတာဖြစ်ပါတယ်။

ဇန်နဝါရီ ရ ရက်က အမေရိကန်၊ ကယ်လီဖိုးနီးယားက Beverlyy Hiliton ဟိုတယ်အဆောက်အအုံမှာ ကျင်းပတဲ့ အထင်ကရ ရုပ်ရှင်ဆိုင်ရာ ထူးချွန်ဆုဖြစ်တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်လာသူ တော်တော်များများက အနက်ရောင်သာ ၀တ်ဆင်ကြတာဖြစ်ပြီး အနည်းငယ်သာ အခြားအရောင် ၀တ်ကြတာပါ။

“ဒီ ဇန်နဝါရီ ရ ရက် ညမှာ ကျွန်မတို့အားလုံး တစ်စုတစ်စည်းတည်း ရပ်တည်တယ်။ ခွဲခြားဆက်ဆံမှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေနဲ့ အလွဲသုံးစားမှုတွေကို နှုတ်ပိတ်နေရသူ ဘယ်နေရာ ဘယ်အရပ်က ယောက်ကျား၊ မိန်းမတိုင်းမဆိုအတွက် တစ်စည်းတည်း ရပ်တည်တယ်။”ဟု အလွဲသုံးအနိုင်ကျင့်မှုတွေကို မီးမောင်းထိုးပြရန် ထင်ရှားအမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ Time’s Up လှုပ်ရှားမှုအဖွဲ့က တွစ်တာမှာ ရေးသားပါတယ်။

“လူတွေက ခုဆို ပါ၀ါတစ်ဖက်စောင်းနင်း ဖြစ်မှုတွေကို  သိလာပြီ။ ဒီလို အင်အားကြီးသူ၊ ချမ်းသာသူတွေနဲ့ ပါ၀ါတစ်ဖက်စောင်းနင်းမှုကြောင့် ကျွန်မတို့ ရုပ်ရှင်နယ်မှာ အလွဲသုံးပြုမှုတာတွေ ဖြစ်လာတယ်။ အခြားနေရာတွေမှာရောပေါ့။”ဟု ပွဲတက်လာသူ ရုပ်ရှင်မင်းသမီးကြီး Meryl Streep က ပြောပါတယ်။

အခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးဒရာမာဇာတ်ကားဆုအဖြစ် Three Billboards Outside Ebbing,Missouri၊ အကောင်းဆုံး ဒါရိုက်တာဆုအဖြစ် The Shape of Water မှ Guillermo del Toro၊ အကောင်းဆုံးမင်းသားဆု အဖြစ် Garkest Hour မှ Gary Oldman နှင့် အကောင်းဆုံးမင်းသမီးဆုအဖြစ် Three Billboards Outside Ebbing,Missouri မှ Frances McDormand တို့က အသီးသီး ရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly