Heloma (အသားမာတက်ခြင်း) ကဘာလဲ

Heloma (အသားမာတက်ခြင်း) ကဘာလဲ

ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အဓိပ္ပါယ်ဖွင့်ဆိုချက်
Heloma (အသားမာတက်ခြင်း) ကဘာလဲ။

အသားမာတက်ခြင်း ဆိုတာ အရေပြား ပေါ်ကထူထဲတဲ့ အလွှာတစ်ခုကို ခေါ်တာပါ။ အရေပြားက မတန်တဆဖိအားတစ်ခုကို အချိန်ကြာကြာ ခဏခဏခံရတဲ့အခါ ဖြစ်ပေါ်တတ်ပါတယ်။ အများအားဖြင့် သင့်ခြေနဲ့ လက်မှာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ သေးငယ်ပေမယ့် နာကျင်မှု ပေးနိုင်ပါတယ်။

Heloma (အသားမာတက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေး ဖြစ်လေ့ရှိပါတယ်။ ဖြစ်ပွားနိုင်ချေ အခြေအနေတွေကို လျော့ချခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

အခြားအချက်အလက်များသိလိုပါက ဆရာဝန်နှင့်ဆွေးနွေးပါ။

လက္ခဏာများ

Heloma (အသားမာတက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက္ခဏာအများစုကတော့
• ထူထဲလာတဲ့ အရေပြားအလွှာ
• မာကျောလာတဲ့အဖုအကျိတ်
• အရေပြားအောက်မှာ နာတာတာ၊ မာကျောကျောဖြစ်နေတာ
• ခြောက်သွေ့နေတဲ့ အရေပြား စတာတွေဖြစ်ပါတယ်။
စာရင်းထဲမပါဝင်တဲ့ လက္ခဏာတွေရှိနိုင်ပါတယ်။ ရောဂါလက္ခဏာနဲ ့ပတ်သက်ပြီးသင့်မှာ စိုးရိမ်ပူပန်မှုတွေရှိနေပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အသားမာနေရာက နာတာတွေ ရောင်တာတွေ ဖြစ်တယ်ဆိုရင် ပြသသင့်ပါတယ်။ တကယ်လို့ သင့်မှာဆီးချိုရှိပြီး အသားမာလည်း တက်မယ်ဆိုရင် မြန်မြန်ပြသင့်ပါတယ်။ မလိုလားအပ်တဲ့ အခြားပြသနာတွေ မပေါ်အောင်ပါ။ လူတိုင်းရဲ့ ခန္ဓာကိုယ်က မတူညီကြတာမို့ သင့်အတွက်လည်း ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံး ဖြစ်ပါတယ်။

အကြောင်းရင်းများ

Heloma (အသားမာတက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လက်တွေခြေတွေမှာ ခဏခဏထိခိုက်တဲ့ ပွတ်တိုက်မှုနဲ့ ဖိအားတွေအရမ်းတိုးလာခြင်း က အဓိကဖြစ်စေတတ်ပါတယ်။ အချို့ုဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေကတော့
• ရှူ းဖိနပ်အကျပ်တွေဟာ ခြေဖဝါးကို အလွန်ဖိထားတတ်သလို ချောင်ချောင်ဝတ်တာကလဲ ခဏခဏပွတ်မိနေစေပြီး အသားမာဖြစ်တတ်ပါတယ်။
• ရှူးဖိနပ်ကိုခြေအိပ်မပါပဲဝတ်တာက ခြေဖဝါးနဲ့ ရှူ း ဖိနပ်ကို ပွတ်တိုက်မှုများစေပါတယ်။
• တူရိယာတီးတာတွေ စာရေးတာမျိုးတွေလို ထပ်ခါထပ်ခါလုပ်တဲ့အရာတွေက အသားမာတက်စေပါတယ်။

Risk factors

Heloma (အသားမာတက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အချက်များစွာကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ
• Bunion : ခြေမအဆစ်တွေမှာ ရှိသော အဖုအဖောင်း
• Hammertoe : ခြေချောင်းလေးတွေ ကွေးကောက်စေသော ချို ့ယွင်းချက်တစ်ခု
• bone spur ( အရိုး အတက်ထွက်ခြင်း ) လို ခြေထောက်မူမမှန်ခြင်း
• အကာမပါပဲ တူရိယာတွေ တီးခြင်း
• မတော်တဲ့ဖိနပ်တွေဝတ်ခြင်း စတာတွေက အသားမာတက်ခြင်းကို ပိုဖြစ်စေပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Heloma (အသားမာတက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်က အသားမာကို အောက်ပါနည်းတွေနဲ့ စမ်းနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှု။

သင့်ဆရာဝန်က သင့်ခြေလက်တွေရဲ့ ပုံစံတည်ဆောက်ပုံကို ကြည့်ပြီး အသားမာဟာ အခြား အဖုတွေ ရေအိတ်တွေကြောငိ့ဖြစ်တာလားဆိုတာ ကြည့်ပါမယ်။

X- Ray ။

X ray ကခြေလက်တွေရဲ့ အနီးကပ်ပုံကိုကြည့်ပြီး အသားမာဖြစ်တဲ့ အကြောင်းရင်းကို ရှာမှာပါ။

Heloma (အသားမာတက်ခြင်း) ကို ဘယ််လိုကုသပါသလဲ

အသားမာကိုလက် နဲ ့ခြေထောက်တွေက ပွတ်တိုက်မှုတွေ ၊ ဖိအားတွေကို လျော့ချခြင်းဖြင့် ကုသနိုင်ပါတယ်။ သင့်လက်ကိုအကာအကွယ်ပေးတဲဲ့အရာတွေ ၊ ခြေအိတ်တွေ ၊ ကိုယ်နဲ့တော်တဲ့ဖိနပ်တွေ ဝတ်တာမျိုးပေါ့။

အသားမာကနာတာတွေ မသက်မသာဖြစ်တာတွေ ရှိလာရင် သင့်ဆရာဝန်က အောက်ပါကုသမှုတွေ ပေးနိုင်ပါတယ်။

• အသားမာပါတဲ့ အရေပြားကိုဖယ်ပစ်တာ
• အသားမာမဖြစ်အောင်တားတဲ့ဆေးတွေ ၊ ဂျယ်လ် ၊ ခရမ်တွေလိမ်း ပြီး ဖယ်ရှားခြင်း
• အသားမာဖယ်တဲ့ပလာစတာ( အလယ်မှာ salicylic အက်စစ်ပါပြီး ထူထဲတဲ့အရေပြားလွှာကို ဖယ်နိုင်ပါတယ်) သုံးခြင်း
• ရောဂါပိုးမဝင်အောင် တားတဲ့ ပိုးသတ်ဆေး လိမ်းဆေးတွေ သုံးခြင်း
• ပုံမမှှန်တဲ့ ခြေထောက်တွေမှာ အရိုးအတွက် အထောက်အကူပစ္စည်းတွေသုံးပြီး အသားမာပြန်မဖြစ်အောင် ကာကွယ်ခြင်း
• ခွဲစိတ်ခြင်း( တကယ်လို့အပေါ်က ကုသနည်းတွေအဆင်မပြေရင်ပေါ့)

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly