ကမ္ဘာပေါ်တွင် ကြေးအမြင့်ဆုံးရရှိတဲ့ သရုပ်ဆောင်မင်းသမီးအဖြစ် ဖော်ပြခံရတဲ့ ဂျနီဖာလောရင့်စ်

ကမ္ဘာပေါ်တွင် ကြေးအမြင့်ဆုံးရရှိတဲ့ သရုပ်ဆောင်မင်းသမီးအဖြစ် ဖော်ပြခံရတဲ့ ဂျနီဖာလောရင့်စ်

ကမ္ဘာပေါ်တွင် ကြေးအမြင့်ဆုံးရရှိသည့် သရုပ်ဆောင်မင်းသား နှင့် မင်းသမီးစာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့ရာ ထိပ်တန်းသရုပ်ဆောင်မင်းသား ၁၀ ဦးသည် ထိပ်တန်း သရုပ်ဆောင် မင်းသမီး များထက် ၁၁၉ ရာခိုင်နှုန်းကျော် ဝင်ငွေပိုများသည်ကို တွေ့ရသည်။

Forbes မဂ္ဂဇင်း၏ ၂၀၁၅ ကြေးအမြင့်ဆုံးရရှိသည့် စာရင်းတွင် သရုပ်ဆောင်မင်းသမီး  ဂျနီဖာလောရင့်စ်(Jennifer Lawrence )သည်  ကမ္ဘာပေါ်တွင် ကြေးအမြင့်ဆုံးရရှိသည့် သရုပ်ဆောင် မင်းသမီး အဖြစ် ဖော်ပြခံခဲ့ရသည်။ အသက် ၂၅ နှစ်အရွယ်ရှိ လောရင့်စ်သည် လွန်ခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၅၂ သန်း ရရှိခဲ့သည်။

လောရင့်စ်၏ ဝင်ငွေသည် စကားလက်ဂျိုဟန်ဆန်ထက် အမေရိကန် ဒေါ်လာ  ၁၆ သန်း ကျော် ပိုများခဲ့ပြီး မီလစ်ဆာမက်ကက်သီထက် အမေရိကန်ဒေါ်လာ ၃၂ သန်း ပိုများခဲ့သည်။ စကား လက်ဂျိုဟန်ဆန် သည် ကမ္ဘာ့ကြေးအမြင့်ဆုံး သရုပ်ဆောင်မင်းသမီးစာရင်းတွင် ဒုတိယနေရာတွင်ရှိပြီး မီလစ်ဆာမက်ကက်သီသည် တတိယနေရာတွင် ရှိသည်။

ကြေးအမြင့်ဆုံးရရှိသည့် သရုပ်ဆောင်မင်းသား စာရင်းတွင် ထိပ်ဆုံးမှရပ်တည်နေသော  ရောဘတ်ဒေါင်းနေ၏ ဝင်ငွေသည် ကြေးအမြင့်ဆုံးရရှိသည့် သရုပ်ဆောင်မင်းသမီး  လောရင့်စ်ထက်  အမေရိကန်ဒေါ်လာ ၂၈ သန်း ပိုများသည်။

ကြေးအမြင့်ဆုံးရရှိသည့် ထိပ်တန်းသရုပ်ဆောင်မင်းသား ၁၀ ဦးရရှိသော ဝင်ငွေစုစုပေါင်း သည် အမေရိကန်ဒေါ်လာ ၄၃၁ သန်းရှိပြီး ကြေးအမြင့်ဆုံးရရှိသည့် ထိပ်တန်း သရုပ်ဆောင်မင်းသမီး များ၏ ဝင်ငွေစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၉၇ သန်းရှိကာ ကြေးအမြင့်ဆုံးရရှိသည့် သရုပ် ဆောင်မင်းသားများ၏ စုစုပေါင်းဝင်ငွေသည် ကြေးအမြင့်ဆုံးရရှိသည့် သရုပ်ဆောင်မင်းသမီးများထက် အမေရိကန်ဒေါ်လာ ၁၉၇ သန်းကျော် ပိုများနေသည်။

ကြေးအမြင့်ဆုံးရရှိသည့် သရုပ်ဆောင်မင်းသမီး စာရင်းတွင် တရုတ်မင်းသမီး ဖန်ပင်းပင်းသည် အမေရိကန်ဒေါ်လာ  ၂၁ သန်းရရှိကာ နံပါတ်လေးနေရာတွင် ရပ်တည်လျက်ရှိပြီး ကြေးအမြင့်ဆုံးရရှိ သည့် သရုပ်ဆောင်မင်းသားစာရင်းတွင် ဂျက်ကီချန်းသည် နံပါတ် ၂ နေရာတွင် ရပ်တည်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly