အမေရိကန်ရှိုး အစီအစဉ်တွင် ပါဝင်မည့် Girls’ Generation အဖွဲ့

အမေရိကန်ရှိုး အစီအစဉ်တွင် ပါဝင်မည့် Girls’ Generation အဖွဲ့

ဆိုးလ်၊ သြဂုတ် ၂၁ ။           ။ တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့  Gilrs’ Generation အဖွဲ့သည် အမေရိကန် ရှိုးအစီစဉ်တစ်ခုဖြစ်သော Better Late than Never အစီအစဉ်တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း SM Entertainment က သြဂုတ် ၂၀ ရက်တွင် ပြောကြားသည်။

Better Late Than Never အစီအစဉ်သည်  မြောက်အမေရိက ဘာသာစကားဖြင့် ရိုက်ကူး ထားသော တောင်ကိုရီးယားနိုင်ငံတွင် လူကြိုက်များသည့် Grandpas Over Flowers အစီအစဉ်၏ အပိုင်းတွဲ ဖြစ်သည်။

ဟာသ သရုပ်ဆောင်များနှင့် မင်းသားဖြစ်သော ဂျက်ဖ်ဒေး၊ ဟန်ရီဝင့်ခ်လာ၊ ဝီလျံရှက်နာ၊ တယ်ရီ ဘရက်ဒ်ရှာနှင့် လက်ဝှေ့ချန်ပီယံ ဂျော့ဖိုမန်တို့ ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကာ Girls’ Generation အဖွဲ့ ပါဝင်သရုပ်ဆောင်မည့် အပိုင်းကို  ဆိုးလ်မြို့၌ ယခုသီတင်းပတ်ကုန်တွင် ရိုက်ကူး သွားမည် ဖြစ်သည်။

Girls’ Generation အဖွဲ့သည် ယခင်ကလည်း CBS ရုပ်သံ၏  David Letterman Show နှင့် ABC ရုပ်သံ၏ LIVE With Kelly အစီအစဉ်တို့တွင် ပါဝင်သရုပ်ဆောင်ဖူးသည်။ Girl’s Generation အဖွဲ့ သည် ၂၀၁၃ ခုနှစ်က အမေရိကန် You Tube တေးဂီတဆုပေးပွဲတွင် Video of the Year ဆုကို ရရှိခဲ့ပြီး ၎င်းတို့အဖွဲ့၏ တေးသီချင်း I Got a Boy တေးသီချင်းသည်လည်း Times က ရွေးချယ်သော  ၂၀၁၃ ခုနှစ်၏ ထိပ်တန်းသီချင်း ၁၀ ပုဒ်စာရင်းတွင် နံပါတ် ၅ နေရာ ရရှိခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly