ညစ်ညမ်းခွေအကြည့်များတဲ့ အမျိုးသမီးတွေဟာ အိမ်ထောင်ကွာရှင်းမှု ပိုဖြစ်နိုင်

ညစ်ညမ်းခွေအကြည့်များတဲ့ အမျိုးသမီးတွေဟာ အိမ်ထောင်ကွာရှင်းမှု ပိုဖြစ်နိုင်

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

လေ့လာချက်တစ်ခုက ညစ်ညမ််းခွေအပြာကားကြည့်ခြင်းဟာ အိမ်ထောင်ကွာရှင်းလိုသူ အရေအတွက်ကို နှစ်ဆတိုးစေတယ်လို့ ဖေါ်ပြထားပါတယ်။

ညစ်ညမ်းရုပ်ရှင်ဟာ ရုပ်ရှင်လောကမှာ အငြင်းပွားအလွယ်ဆုံး ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေကို ထောက်ခံတဲ့သူတွေ ဝေဖန်တဲ့သူတွေနဲ့ ပြည့်နှက်နေပါတယ်။ အခုလေ့လာမှု အသစ်တစ်ခုကအပြာကားတွေဟာ လူတွေကိုအထူးသဖြင့် အိမ်ထောင်ရှင်တွေကို ဝေးကွာစေပါတယ်လို့ ဖေါ်ပြထားပါတယ်။

ဒီနှစ်ပိုင်းတွေမှာအိမ်ထောင်ရှင်တွေအနက် အပြာကားကြည့်သူတွေဟာ မကြည့်သူတွေထက် အိမ်ထောင်ကွာရှင်းမှု နှစ်ဆပိုမို ဖြစ်ပေါ်နိုင်ပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့မှာ American Sociological Association မှာ ပြသခဲ့တဲ့ လေ့လာချက်တစ်ခုအရ ဒီလိုပဲ အပြာကားကြည့်တဲ့ အမျိုးသမီးတွေဟာ ကွာရှင်းဖို့ သုံးဆပိုမိုဖြစ်နိုင်ပါတယ်။ သို့သော်လည်း အမျိုးသားရောအမျိုးသမီးပါ အတူကြည့်မယ်ဆိုရင်တော့ အိမ်ထောင်ရေးအပေါ် မကောင်းတဲ့ ရိုက်ခတ်မှု ရှိခဲပါတယ်။

အိမ်ထောင်ရေးသာယာမှု၊ ညစ်ညမ်းခွေ ကြည့်ရှုမှုနဲ့ အိမ်ထောင်ရေးအခြေအနေတွေကို စမ်းစစ်တဲ့ General Social Surveyကရတဲ့ စစ်တမ်းတွေကိုဆန်းစစ်ကြည့်ပါတယ်။ ဒီစစ်တမ််းဟာအချိန်ပိုင်းသုံးခု (၂၀၀၆-၂၀၁၀၊ ၂၀၀၈-၂၀၁၂ နဲ့ ၂၀၁၀-၂၀၁၄) မှာလူပေါင်း နှစ်ထောင်ကျော်ကိုမေးမြန်းပြီးတဲ့ အချက်အလက်တွေကို ဆန််းစစ်တာဖြစ်ပါတယ်။ အဓိကကတော့ မေးမြန်နေတဲ့ အချိန်အတွင်းမှာ အပြာကားကြည့်တဲ့ အမူအကျင့် ပြောင်းလဲသွားတဲ့ လူတွေဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် ပထမစစ်မေးတုန်ုးက အပြာကားမကြည့်ပဲ နောက်တစ်ခေါက်မေးတဲ့ အချိန်မှာမှ အပြာကားကြည့်သူ (သို့) ပထမစမေးစဉ်က ကြည့်ပြီးနောက်ပိုင်းမှ မကြည့်တော့သူတွေ ဖြစ်ပါတယ်။

၄၄% သောဖြေကြားသူတွေဟာ အမျိုးသမီးတွေ ဖြစ်ပြီးတော့ ၅၆%ကတော့ အမျိုးသားတွေ ဖြစ်ပါတယ်။ ပထမနှစ်အပိုင်းအခြားမှာလူပေါင်း ၆၀၆၇၊ ဒုတိယအကြိမ်မှာ ၄၆၆၈ နဲ့ တတိယနှစ် အပိုင်းအခြားမှာတော့ ၃၈၇၅ ယောက် ပါဝင်ပါတယ်။

စစချင်းမေးစဉ်ကအပြာကားမကြည့်ပဲ ဒုတိယတစ်ခေါက်မှ ကြည့်သူတွေကို “အပြာကား စတင်ကြည့်ရှုသူ”လို့ သတ်မှတ်ပါတယ်။

ဒီအဖြေတွေက ဘာကိုပြသလဲဆိုတော့ ထိုအပြာကား စတင်ကြည့်ရှုသူတွေမှာ နောက်တစ်ကြိမ်မေးမြန်းစဉ် အိမ်ထောင်ကွဲနိုင်ချေမှာ ၆% ကနေ ၁၁% ရှိပါတယ်။ အမျိုးသမီးတွေမှာတော့ သုံးဆပိုမိုများပြားပါတယ် (၆% ကနေ ၁၆% အထိရှိပါတယ်)။

အိမ်ထောင်ကွဲနိုင်ခြေဟာ အသက်ငယ်ရွယ်တဲ့ စုံတွဲများကြားမှာ ပိုမိုများပြားတာကိုတွေ့ရပါတယ်။ ပထမစတင်မေးမြန်းစဉ်ကဖြေကြားသူရဲ့အသက် ငယ်လေလေနောက်တစ်ခါ အင်တာဗျူးချိန်မှာ အိမ်ထောင်ကွဲဖို့ အခွင့်အလမ်းများလေလေ ဖြစ်ပါတယ်။ ဘာသာရေးယုံကြည်သက်ဝင်မှု မရှိတဲ့လူတွေမှာလည်း အိမ်ထောင်ကွဲနိုင်ခြေများတာတွေ့ရပါတယ်။

ဒီတွေ့ရှိမှုတွေအရ အပြာကားရဲ့ ရိုက်ခတ်မှုဟာအရင် အင်တာဗျူးစဉ်က အိမ်ထောင်ရေးသုခအပြည့်အဝ ရရှိပါတယ်ဆိုတဲ့ အသက်ငယ်ရွယ်ပြီး ဘာသာရေးသက်ဝင်မှုမရှိတဲ့ စုံတွဲများအကြားမှာ အပြင်းထန်ဆုံးဖြစ်ပါတယ်။

သို့သော်လည်း အပြာကားတွေဟာ အရင်ကအိမ်ထောင်ရေးသုခမပြည့်ဝပါဘူးလို့ ဖြေကြားတဲ့လူတွေတော့ ရိုက်ခတ်မှု မတူညီပါဘူး။ ဒီလေ့လာမှုရဲ့ ပင်တိုင် စာရေးဆရာဖြစ်တဲ့ Samuel Perry က “အပြာကားတွေဟာ ဟိုအရင်တည်းက မပျော်ရွှင်တဲ့ အိမ်ထောင်ရေးတွေကိုတော့ ပိုဆိုးစေဟန် မတူပါဘူး” လို့ ကောက်ချက်ချခဲ့ပါတယ်။

လေ့လာမှုအရ အပြာကားကြည့်ခြင်းကို ရပ်တန့်လိုက်မယ်ဆိုရင် အိမ်ထောင်ကွဲခြင်းကိုအမျိုးသမီးတွေအတွက်တော့ လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။ အလားတူပုံစံကိုအမျိုးသားတွေမှာတော့ မတွေ့ရှိပါဘူး။ သုတေသီတွေကတော့ အမျိုးသားတွေဟာ အပြာကားကြည့်ရာမှာတော့ တစ်သမတ်တည်း ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် အပြာကားစတင်ကြည့်ရှုတယ်ဆိုတဲ့ လူနည်းစုဟာဒီအပြာကားနဲ့ အိမ်ထောင်ကွဲခြင်းဆက်စပ်မှုကို ထုတ်ဖေါ်ဖို့ လူနည်းလွန်းတာ ဖြစ်နိုင်ပါတယ်။

နိဂုံးချုပ်ရမယ်ဆိုရင် လေ့လာသူများအဖွဲ့ကသူတို့ရဲ့တွေ့ရှိချက်တွေဟာ အိ်မ်ထောင်ရေးကို ထိခိုက်နိုင်တဲ့ အချက်အလက်တွေကို အိမ်ထောင်ရှင်တွေအတွက် ဖေါ်ပြထားတာဖြစ်ပြီးအပြာကား ကြည့်ခြင်းကြောင့် ရရှိလာမယ့် နောက်ဆက်တွဲပြဿနာတွေကို ထည့်သွင်းစဉ်းစားထားသင့်တယ်လို့ အကြံပေးထားပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required