ဂွမြို့ အရှေ့မြောက်ဘက် မိုင် ၂ဝ ခန့်အကွာ ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်

ဂွမြို့ အရှေ့မြောက်ဘက် မိုင် ၂ဝ ခန့်အကွာ ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်

ရန်ကုန်၊ ဇန်နဝါရီလ ရ ။           ။ ရခိုင်ပြည်နယ်၊ ဂွမြို့အရှေ့မြောက်ဘက် မိုင် ၂ဝ ခန့်အကွာအား ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင် တစ်ခု ယနေ့ ဇန်နဝါရီလ ရ ရက်၊ နံနက် ၅ နာရီ၂၆ မိနစ်၊ ၅၉ စက္ကန့်တွင် လှုပ်ခတ်သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော် မြေငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက မဇ္စျိမသို့ပြောသည်။

အဆိုပါ လှုပ်ခတ်သွားသော အင်အားအနည်းရှိ မြေငလျင်မှာ အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိပြီး ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၁၅ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ၊ ပြည်တွင်း (ဂွမြို့ ၊အရှေ့မြောက်ဘက် မိုင်(၂ဝ ခန့်အကွာ) ကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်သည်။

“ မြေငလျင်ကတော့ ကျွန်တော်တို့ တိတိကျကျခန့်မှန်းလို့မရပါဘူး။ ဒါပေမယ့်လို့ ငလျင်က အင်အားကြီးတယ် ဆိုလို့ချင်ရင်တော့ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ပြီးဆိုရင်တော့ နောက်ဆက်တွဲငလျင် လာမယ်ဆိုတဲ့ အခြေ အနေကို တွက်ချက်လို့ ရတယ်။ အခုလှုပ်သွားတာကတော့ (၄.ဝ) ဆိုတော့ အင်အားအနည်း ငယ်ပဲရှိတဲ့ အတွက်ကြောင့် ဒါမျိုးငလျင်ကတော့ နောက်ပိုင်း ငလျင်တွေ ဆက်လှုပ်လာမလား။ မလားဘူးလား ဆိုတာကို တော့ အဲ့ဒါမျိုးကတော့ ပြောလို့မရပါဘူးခင်ဗျာ”ဟု ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောသည်။

မြေငလျင်လှုပ်ခတ်သည့် သတင်းများနှင့်ပတ်သက်ပြီး  ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး မိုးလေဝသနှင့် ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနမှ နေ့စဉ် သတင်းထုတ်ပြန်ပေးနေသည့် အတွက်လည်း ပြည်သူများအနေဖြင့် စိုးရိမ်မှု အနည်းငယ်ရှိနေကြောင်း ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောသည်။

“ တစ်ရက်နေ့ကနေစပြီး သတင်းထုတ်တဲ့ဟာတွေမှာလည်း အင်အားအနည်းဆိုပြီး နေ့တိုင်းလိုလို သတင်း ထုတ်ပြန်နေတာပေါ့။ ဒါကြောင့် ငလျင်တွေက နေ့တိုင်းလှုပ်နေတော့ ဘာကြောင့် လှုပ်တာလဲ၊ ဘာဖြစ်တာ လဲဆိုပြီး ပြည်သူတွေ စိုးရိမ်ကြတယ်။ ဒါပေမယ့် မြေငလျင်ကကျတော့ အခုနောက်ပိုင်းမှာ မြေ ငလျင်တိုင်း တာစောင့်ကြည့်တဲ့စက်တွေကလည်း ယခင်ကထက်များလာတယ်။ စက်တွေများလာတဲ့အတွက် လှုပ်ခတ်မှု သတင်းတွေက ပိုများလာတယ်။ လှုပ်တာကတော့ ပုံမှန်ပဲ လှုပ်နေတာပါ”ဟု ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊  ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း စစ်ကိုင်းပြတ်ရွေ့ကြောမှ ရန်ကုန်မြို့တောင်ဘက် လက်ခုတ်ကုန်းကမ်းခြေတဝိုက် ဗဟိုပြု၍  ၄.၄ ရစ်ခ်တာစကေးရှိသည့် ငလျင်ငယ် သုံးကြိမ် အချိန်ပိုင်းခြား၍ လှုပ်ခတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly