ငမိုးရိပ်ချောင်းအတွင်း ကားတစ်စီး ထိုးကျနစ်မြုပ်၊ ကနဦး အမျိုးသားတစ်ဦးကယ်ဆယ်ရရှိထား

ငမိုးရိပ်ချောင်းအတွင်း ကားတစ်စီး ထိုးကျနစ်မြုပ်၊ ကနဦး အမျိုးသားတစ်ဦးကယ်ဆယ်ရရှိထား
ဓာတ်ပုံ- MFSD

ရန်ကုန်၊ ဇန်နဝါရီလ ရ ။         ။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံ ၃၃ ရပ်ကွက်တွင် ဆရာစံလမ်းအတိုင်းမောင်းနှင်လာသော Honda Fit အမျိုးအစား ကားတစ်စီး ငါးမာန်အောင်ဘုရားလမ်းဆုံအရောက် ငမိုးရိပ်ချောင်းအတွင်းသို့ ထိုးကျနစ်မြုပ် မှုဖြစ်ပွားခဲ့ပြီး  ၁ ဦးကယ်ဆယ်ရရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ငမိုးရိပ်ချောင်းအတွင်း ကားတစ်စီး ထိုးကျနစ်မြုပ်မှုမှာ ယနေ့ ဇန်နဝါရီလ ရ ရက်၊ နံနက် ၄ နာရီ၊ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယာဉ်ပေါ်တွင် ယာဉ်မောင်းတစ်ဦးနှင့် လိုက်ပါစီးနင်းသူ တစ်ဦးပါဝင် ကြောင်း သိရသည်။

၄င်းတို့ ၂ ဦးအနက် တစ်ဦးအား ချောင်းအတွင်း ငါးလုပ်ငန်းလုပ်ကိုင်နေသော ငါးဖမ်းလှေမှ ကယ်ဆယ်ရရှိ ထားခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ ကားနစ်မြုပ်မှုအား ဒဂုံမြို့သစ်အရှေ့ပိုင်းမီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ ဒဂုံမြို့သစ် မြောက်ပိုင်း မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ Ambulance ယာဉ် ၁ စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးသတ်ယာဉ် ၁ စီး၊ Ambulance ယာဉ် ၁ စီး၊ မီးသတ်အသက်ကယ်လှေ ၁ စီးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required